နေ့ရက်တိုင်းမှာ stress တွေနည်းပြီး စိတ်ပျော်ရွှင်မှုရအောင် နေနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ကိုယ့်မှာ stress တွေရှိနေတယ်၊ စိတ်မပျော်ရွှင်နိုင် ဖြစ်နေတယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာ lifestyle ထဲမှာ ဒီအရာတွေကို ထည့်သွင်းလုပ်ဆောင်ကြည့်ပါ။
ချစ်ရတဲ့သူတွေနဲ့အချိန်ကုန်ဆုံးပါ
ကိုယ်ချစ်တဲ့သူတွေနဲ့ အတူရှိနေရရင် စိတ်ညစ်စရာတွေ stress တွေကိုမေ့ပြီး စိတ်ပျော်ရွှင်မှုရစေပါတယ်။ စိတ်ချမ်းသာမှုလည်း ရစေပါတယ်။
အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့အချိန်ဖြုန်းပါ
အိမ်မွေးတိရိစ္ဆာန်လေးနဲ့ အချိန်ဖြုန်းရတာက စိတ်ပျော်ရွှင်ကြည်နူးမှု ရစေပါတယ်။ သူတို့လေးတွေနဲ့ဆို စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကိုတောင် မေ့နေတတ်လို့ တစ်နေ့တာအတွက် stress တွေ လျော့ကျသွားစေပါတယ်။ ဒါကြောင့် ကိုယ်ချစ်တဲ့အကောင်လေးတွေကို မွေးပါ။
အပင်စိုက်ပါ
တိရိစ္ဆာန်မချစ်တဲ့သူဆိုရင်တော့ အပင်စိုက်တာလေးတွေ လုပ်ကြည့်ပါ။ ကိုယ်စိုက်ထားတဲ့အပင်လေးတွေ သန်တာရင်၊ ပန်းလေးတွေပွင့်လာရင် စိတ်ကြည်နူးပျော်ရွှင်ရပါတယ်။
ရုပ်ရှင်တွေကြည့်ပါ
မုန့်စားရင်းနဲ့ ရယ်ရတဲ့ရုပ်ရှင်တွေကြည့်တာမျိုး၊ လေကောင်းလေသန့်ရပြီး တိတ်ဆိတ်တဲ့နေရာမှာ laptop တစ်လုံးနဲ့ အေးဆေးအနားယူကာ ကိုယ်ကြည့်ချင်တဲ့ရုပ်ရှင်တွေ ကြည့်တာမျိုးက စိတ်ပျော်ရွင်မှု၊ စိတ်ချမ်းသာမှု ရစေပါတယ်။ stress တွေ၊ စိတ်ညစ်စရာတွေလည်း မေ့သွားစေပါတယ်။
စာအုပ်ဖတ်ပါ
စာအုပ်ဖတ်တာကတော့ စိတ်ညစ်စရာတွေကို မတွေးမိတော့ပဲ အာရုံစုစည်းနိုင်ပြီး စိတ်တည်ငြိမ်စေပါတယ်။ တိတ်ဆိတ်ပြီး လေကောင်းလေသန့်ရတဲ့နေရာလေးမှာ စာအုပ်ထိုင်ဖတ်နေရရင် စိတ်အေးချမ်းပြီး စိတ်ချမ်းသာရပါတယ်။
သီချင်းနားထောင်ရင်းလေ့ကျင့်ခန်းလုပ်ပါ
သီချင်းနားထောင်ရင်းနဲ့ လေ့ကျင့်ခန်းလုပ်ရင် ပိုတက်ကြွစေပြီး လေ့ကျင့်ခန်းလုပ်လို့ ပိုကောင်းပါတယ်။ စိတ်ဖိစီးမှုတွေ stress တွေလျော့ကျပြီး စိတ်ပေါ့ပါးလန်းဆန်းသွားစေပါတယ်။
တရားထိုင်၊ ယောဂကျင့်ပါ
တရားထိုင်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ၊ ယောဂကျင့်တာမျိုးက စိတ်တည်ငြိမ်အေးချမ်းပြီး stress တွေလျော့ကျစေပါတယ်။ စိတ်ညစ်စရာတွေ၊ စိတ်ဖိစီးမှုတွေလျော့သွားတဲ့အတွက် စိတ်ချမ်းသာရပါတယ်။