သီချင်းနားထောင်ရတာကို မကြိုက်တဲ့သူကတော့ မရှိသလောက် ဖြစ်မှာပါ။ ဒါကြောင့် Stress တွေရှိလာရင် သီချင်းနဲ့ Stress တွေကို လျှော့ချနိုင်မယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။

ကိုယ်ကြိုက်တဲ့သီချင်းတွေနားထောင်ပါ

ဘာမှမလုပ်ပဲ မျက်စိမှိတ်ပြီး ကိုယ်ကြိုက်တဲ့သီချင်းလေးတွေ နားထောင်လိုက်ပါ။ ဘာမှသိပ်မတွေးမိတော့ပဲ Stress တွေ လျော့ကျသွားပါလိမ့်မယ်။

မြူးကြွတဲ့သီချင်းတွေနားထောင်ပါ

အရမ်း Stress တွေများနေတဲ့အခါမှာတော့ မြူးကြွတဲ့သီချင်းတွေနားထောင်ပြီး ကခုန်လိုက်ပါ။ နေရတာပေါ့ပါးသွားပြီး Stress တွေလည်း လျော့ကျသွားပါလိမ့်မယ်။

ကာရာအိုကေသွားဆိုပါ

Stress တွေများနေရင်၊ ဝမ်းနည်းစရာတွေရှိနေရင် ကာရာအိုကေ သွားဆိုလိုက်ပါ။ ကာရာအိုကေမသွားနိုင်လည်း အိမ်မှာ သီချင်းဆိုပါ။ Stress တွေ ယူပစ်လိုက်သလို လျော့သွားပါလိမ့်မယ်။

သီချင်းနားထောင်ရင်းလေ့ကျင့်ခန်းလုပ်ပါ

သီချင်းနားထောင်ရင်းနဲ့ ပြေးတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကြိုးခုန်တာတွေ လုပ်ပေးမယ်ဆိုရင်လည်း စိတ်ဖိစီးမှုတွေ Stress တွေ ပြေပျောက်စေပါတယ်။

သီချင်းနားထောင်ရင်းအလုပ်လုပ်ပါ

အလုပ်လုပ်ရမှာ စိတ်မပါဘူး၊ ပျင်းလာတယ်၊ Stress တွေလည်းရှိနေတယ်ဆိုရင် သီချင်းနားထောင်ရင်းနဲ့ အလုပ်လုပ်ပါ။ ဒါဆိုရင် အလုပ်လုပ်ရတာလည်း စိတ်ပါလာမယ်၊ ပိုပြီးတော့လည်း Active ဖြစ်လာမယ်၊ စိတ်ဖိစီးမှုတွေ Stress တွေလည်း လျော့ကျသွားပါလိမ့်မယ်။