ရည်းစားဟောင်းဆိုတာလည်း ကိုယ်ကချစ်နေသေးရင်တောင် သူ့ဘက်ကလည်း ကိုယ့်ကို ချစ်နေအုံးမှ ပြန်လက်တွဲဖို့၊ အဆင်ပြေဖို့ကို မျှော်လင့်လို့ရတာပါ။ သူ့ဘက်ကတော့ ပြီးပြတ်သွားပြီး ကိုယ်ကပဲ ဆက်ချစ်နေရင်တော့ ဘယ်လိုမှ ထပ်မဖြစ်နိုင်ပါဘူး။ မေ့ပစ်နိုင်အောင် ကြိုးစားဖို့ပဲ ရှိပါတယ်။ ဒါကြောင့် ရည်းစားဟောင်းကို ချစ်မိနေသေးတဲ့ သင့်စိတ်ကို ပြန်လည်ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။

သူနဲ့ပြီးပြတ်သွားပြီဆိုတာကို လက်ခံလိုက်ပါ။ မျှော်လင့်ချက် မထားပါနဲ့တော့။

သူနဲ့ပတ်သက်တဲ့ အမှတ်တရတွေအားလုံးကို ဖျက်စီးပစ်လိုက်ပါ။

ကိုယ့်ဘဝအတွက် အရေးကြီးတဲ့အရာတွေကို focus ထားပြီး လုပ်ဆောင်ပါ။

Social media မသုံးပဲနေလိုက်ပါ။

သူနဲ့ပတ်သက်တဲ့သူတွေ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ဖြတ်ပါ။

သင့်ခံစားချက်တွေကို ယုံကြည်ရတဲ့ အခင်ရဆုံး၊ အချစ်ရဆုံးသူ တစ်ယောက်ယောက်ကို ရင်ဖွင့်ပြောပြပါ။

တစ်ယောက်ထဲနေခြင်းကို ရှောင်ကြဉ်ပါ။

ကိုယ့်ကိုယ်ကိုချစ်တတ်လာအောင် ကြိုးစားပါ။

အချစ်သစ်ရှာပါ။ ကိုယ့်အပေါ် တကယ်ကောင်းတဲ့သူတွေ့ရင် အခွင့်အရေးပေးပြီး စဉ်းစားကြည့်ပါ။

လှအောင်နေပါ။ ကိုယ်စိတ်ချမ်းသာသလို ပြင်ဆင်နေထိုင်ပါ။

ပျော်အောင်နေဖို့ကိုပဲ ဆုံးဖြတ်ချက်ချလိုက်ပါ။

Source: www.inspiringtips.com