မင်္ဂလာပါ ပျိုမေတို့ရေ… ဒီနေ့ဝေမျှပေးမယ့် အကြောင်းအရာလေးကတော့ ကိုယ်အလေးချိန်လည်းလျော့ချင်တယ် အစားအသောက်တွေကိုလည်း မစားပဲ့မနေနိုင်ဘူးဆိုတဲ့ပျိုမေလေးတွေအတွက်ပါနော်။ အခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ အစားအသောက်တွေကို စိတ်အပင်ပန်းခံပြီး ထိန်းစရာမလိုပဲ့ ဝိတ်ကျစေမယ့်နည်းလမ်းကောင်းလေးတွေပဲ့ ဖြစ်ပါတယ်။

ဒါကြောင့် Diet မလုပ်ပဲ နည်းလမ်းမှန်မှန်နဲ့ ဝိတ်ကျစေမယ့်နည်းလမ်းကောင်းတွေက ဘယ်လိုမျိုးလဲဆိုတာ အတူတူကြည့်လိုက်ရအောင်..

အတတ်နိုင်ဆုံး Stressကင်းကင်းနေထိုင်ပါ

စိတ်ဖိစီးမှုမရှိအောင်နေထိုင်ဖို့ဆိုတာ အပြောလွယ်သလောက် လက်တွေ့ကျင့်သုံးဖို့က သိပ်တော့မလွယ်ကူလွန်းလှပါဘူး။ လူရယ်လို့ဖြစ်လာပြီး လူပတ်ဝန်းကျင်မှာနေထိုင်နေတဲ့အခါမှာ တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ စိတ်ညစ်စရာတွေဆိုတာ ရှိလာတတ်စမြဲပါပဲ့။ လူတစ်ယောက်က စိတ်ဖိစီးမှုတွေ အရမ်းများလာတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုတွေကြောင့် ခဏခဏစားမိတာမျိုးတွေ ရှိလာတတ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်အလေးချိန်မတိုးလာစေဖို့အတွက် အတတ်နိုင်ဆုံး Stressကင်းကင်းနေထိုင်ဖို့လည်း လိုအပ်ပါတယ်နော်။

ရေများများသောက်ပေးပါ

ခန္ဓာကိုယ်မှာရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးလွန်းပါတယ်။ ကိုယ်အလေးချိန်လျော့နည်းချင်တယ်ဆိုရင် ရေများများသောက်ပေးရမယ်ဆိုတဲ့ စကားကိုလည်း ပျိုမေတို့ မကြာခဏကြားဖူးနေပါလိမ့်မယ်။ ရေများများသောက်တာက အစာချေစနစ်ကိုကောင်းမွန်စေပြီး ခဏခဏ စားချင်စိတ်ဖြစ်တာတွေကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။

ပရိုတင်းဓာတ်ပါတာတွေကို စားသုံးပေးပါ

လူတစ်ယောက်ရဲ့ခန္ဓာကိုယ်မှာ ပရိုတင်းဓာတ်ကလည်းလိုကို လိုအပ်တဲ့အရာပါပဲ။ မနက်စာမှာထဲက ပရိုတင်းဓာတ်ပါအောင် စားပေးမယ်ဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပြီး ဝိတ်ချဖို့အတွက်လည်း အထူးတလည် ကြိုးစားနေစရာတောင် မလိုပါဘူးနော်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပေးဖို့ မမေ့ပါနဲ့

Gym ကိုပုံမှန်သွားဖို့အခက်အခဲရှိတယ်ဆိုရင်တောင် မနက်ပိုင်းမှာစောစောထပြီး ပြေးတာမျိုး၊ အပြင်သွားတဲ့အခါတွေမှာ လမ်းများများလျှောက်ပေးတာမျိုးတွေက ကိုယ်လက်လှုပ်ရှားမှုတစ်ခုဖြစ်စေပြီး ကယ်လိုရီတွေကိုလည်း ကောင်းကောင်းလောင်ကျွမ်းစေတာကြောင့် အစားလျော့ပြီး ဝိတ်ကျအောင် လုပ်နေစရာမလိုပါဘူး။

အိပ်ရေးဝဝအိပ်ပေးပါ

တစ်ချို့တွေက အိပ်ရာဝင်နောက်ကျရင် ကိုယ်အလေးချိန်လည်းလျော့လာမယ်လို့ ထင်နေတတ်ကြပါတယ်။ အမှန်တကယ်ကတော့ အိပ်ယာဝင် နောက်ကျတာတွေ အိပ်ရေးကောင်းကောင်းမဝနေတာတွေက ကိုယ်အလေးချိန်ကိုပိုပြီးတော့ တိုးလာစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးမဝရင် ဝိတ်ပိုတက်တဲ့အတွက် အိပ်ချိန်၊ ထချိန်ကို သေချာသတ်မှတ်ထားပေးပါ။