ခြေဖဝါးကြမ်းတမ်းနေတာသက်သာပြီး နူးညံ့လာစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ခြေဖဝါးကြမ်းတမ်းနေတယ်ဆိုရင် လုပ်ရတာလွယ်ကူပြီး ရိုးရှင်းတဲ့ ဒီနည်းလမ်းလေးတွေကို try ကြည့်သင့်ပါတယ်။
ရေနွေးစိမ်ပါ
နေ့တိုင်း (သို့) ၃ ရက်ခြားတစ်ခါလောက် ကိုယ်ခံနိုင်လောက်မယ့် အနေအထားဖြစ်တဲ့ ရေနွေးကို ဇလုံထဲထည့်ပြီး baby soap ထည့်ကာမွှေပါ။ ပြီးရင် မိနစ် ၂၀ လောက် ခြေထောက်ထည့်စိမ်ပေးပါ။
အသားမာတိုက်ပါ
ခြေဖဝါးကြမ်းတမ်းနေတာက အသားမာတွေရှိနေတာကြောင့်လည်း ပါပါတယ်။ ဒါကြောင့် အသားမာတိုက်ပေးပါ။ တစ်ပတ်တစ်ခါလောက် ပုံမှန်တိုက်ပေးရင် ပိုကောင်းပါတယ်။ ဆိုင်မှာ cleansing လုပ်တာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။ အိမ်မှာပဲလုပ်မယ်ဆိုရင်လည်း အသားမာတိုက်တဲ့ brush တွေ၊ ကျောက်တုံးတွေနဲ့ တိုက်လို့ရပါတယ်။
Scrub တိုက်ပါ
Body တွေ၊ လက်တွေ၊ ခြေထောက်တွေကို scrub တိုက်ပြီး ခြေဖဝါးကိုတော့ ချန်ခဲ့ကြတာများပါတယ်။ ဒါကြောင့် scrub တိုက်တိုင်းမှာ ခြေဖဝါးနဲ့ ခြေဖနောင့်ကိုပါ တိုက်ပေးပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးလို့ ခြေဖဝါးကြမ်းတမ်းတာ၊ ခြေဖနောင့်ကွဲတာတွေ သက်သာလာစေပါတယ်။
Moisturizer ထူထူလိမ်းပါ
ညအိပ်ယာဝင်ခါနီးတိုင်းမှာ ခြေထောက်ဆေး၊ သန့်စင်ပြီး ခြေဖဝါးကို moisturizer ထူထူလေး လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာက တစ်လလောက်ဆိုသိသာပါတယ်။ ခြေဖဝါးကြမ်းတာတွေ သက်သာပြီး နူးညံ့လာတယ်။ အိအိလေးဖြစ်လာပါတယ်။
Petroleum jelly ထပ်လိမ်းပါ
Moisturizer လိမ်းပြီးရင် အပေါ်ကနေ petroleum jelly ထပ်လိမ်းပေးမယ်ဆိုရင် ပိုပြီးတော့ကောင်းပါတယ်။ Result ပိုမြန်ပါတယ်။