ပေါင်တုတ်လို့စိတ်ညစ်နေသူများနဲ့ အဆီမရှိပဲ ကျစ်လစ်ပြီးသွယ်လျတဲ့ ပေါင်တံကို ပိုင်ဆိုင်ချင်သူများအတွက် ပေါင်မှာရှိတဲ့အဆီတွေကို သဘာဝအတိုင်းဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

Legs stretch

ပုံမှာပြထားတဲ့ legs stretch exercise ကတော့ ပေါင်ကြွက်သားတွေကို ကျစ်လစ်စေလို့ ပေါင်မှာရှိတဲ့အဆီတွေကို ဖယ်ရှားပေးပြီးသား ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုတော့ မိနစ် ၃၀ လုပ်ပေးရပါမယ်။ တစ်နေ့ကို ၂ ကြိမ်လုပ်ရပါမယ်။

အချိန်ကြာကြာလမ်းလျှောက်ပါ

မနက်တိုင်းမှာ တစ်နေ့ကို တစ်နာရီလောက် အချိန်ကြာကြာ လမ်းလျှောက်ပေးခြင်းကလည်း ပေါင်မှာရှိတဲ့အဆီတွေနဲ့ တခြားနေရာက မလိုအပ်တဲ့အဆီတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ ကျန်းမာရေးလည်းကောင်းစေတာကြောင့် နေ့တိုင်းအချိန်ပေးပြီး လုပ်သင့်ပါတယ်။

Jogging

Jogging လုပ်တာကတော့ ပေါင်ကအဆီတွေကျဖို့နဲ့ ခြေထောက်ကြွက်သားတွေအတွက် အကောင်းဆုံးနည်းလမ်းပါပဲ။ ဝိတ်ကျစေဖို့လည်း အထောက်အကူဖြစ်ပါတယ်။ အချိန်ကြာကြာလမ်းမလျှောက်ချင်ရင် jogging လုပ်ပေးပါ။

Workout ပုံမှန်လုပ်ပါ

လေ့ကျင့်ခန်းမလုပ်၊ workout မလုပ်ပဲနဲ့တော့ အဆီတွေကျဖို့က မဖြစ်နိုင်ပါဘူး။ ဒါကြောင့် နေ့တိုင်းမလုပ်နိုင်ရင်တောင်မှ တစ်ပတ်မှာ ၃ ကြိမ်လောက်တော့ workout ပုံမှန်လုပ်ပေးပါ။