နှာခေါင်းမှာ ဆားဝက်ခြံတွေရှိနေရင် ညှစ်လိုက် ပြန်ထွက်လိုက်နဲ့ သံသရာလည်နေတော့တာပါပဲ။ ဒါကြောင့် အရှင်းမပျောက်ရင်တောင်မှ သက်သာသွားအောင် ပိုက်ဆံလည်း အပိုမကုန်အောင် အိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ နှာခေါင်းက ဆားဝက်ခြံတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေတာတစ်မျိုးကို ရွေးချယ်ပြုလုပ်နိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရေ – စားပွဲတင်ဇွန်း ၂ ဇွန်းကိုရောပြီး ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပါ။ ပြီးရင် နှာခေါင်းမှာ လိမ်းပေးပြီး ၅ မိနစ်လောက်နေရင် ရေကြက်သီးနွေးနဲ့ သန့်စင်လိုက်ပါ။ ပြီးရင်တော့ Moisturizer လိမ်းပေးပါ။
Tea Tree Oil
အုန်းဆီနဲ့ Tea Tree Oil ကို ဆတူရောမွှေပြီး ဆားဝက်ခြံရှိတဲ့ နှာခေါင်းနေရာမှာ ပွတ်လိမ်းပေးတာက ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် အရေပြားပေါ်က ဘတ်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပါတယ်။ အိမ်မှာ Tea Tree Oil ရှိတယ်ဆိုရင် ဒီနည်းလမ်းကို သုံးကြည့်ပါ။
သံပယိုရည်
ညအိပ်ယာဝင်ခါနီး သံပယိုရည်ကို ဂွမ်းလုံးနဲ့တို့ယူပြီး နှာခေါင်းမှာပွတ်ပေးပါ။ တစ်ညထားပြီး မနက်ရောက်မှ ရေကြက်သီးနွေးနဲ့ သန့်စင်လိုက်ရင် ဆားဝက်ခြံတွေ ပျောက်သွားစေပါတယ်။ တစ်ညမထားချင်တဲ့သူဆိုရင် ၂ နာရီ၊ ၃ နာရီလောက်ပဲထားပါ။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးတစ်လုံးကို ကျေညက်အောင်ချေပြီး သံပယိုရည်နည်းနည်းနဲ့ ရောမွှေပါ။ ပြီးရင်တော့ ဆားဝက်ခြံရှိတဲ့နေရာကို Exfoliate လုပ်သလို ၅ မိနစ်လောက်ပွတ်ပေးပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ ဆေးချပြီး Moisturizer ပြန်လိမ်းပေးပါ။
နနွင်းမှုန့်
နနွင်းမှုန့်နဲ့ အုန်းဆီကို ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး ဆားဝက်ခြံတွေရှိတဲ့ နှာခေါင်းပေါ်ကို လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီးမှ ရေနဲ့သန့်စင်ပြီး လိမ်းပေးပြီး Moisturizer လိမ်းပေးပါ။