MyStyle Myanmarက အလှပဂေးလေးတို့ရေ..မျက်နှာအသားအရေလေးကို ညီညာချောမွေ့နေတာ လိုချင်တာလား ဒါမှမဟုတ် ပြောင်ပြောင်ဝင်းဝင်းလေးဖြစ်နေတဲ့ Glowing Skinကို ပိုင်ဆိုင်ချင်တာလား။ ပြစ်မျိုးမှဲ့မထင်ပဲ့ လှပကျန်းမာတဲ့မျက်နှာအသားအရေလေးကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ ဒီအခြေခံကျတဲ့အချက်လေးချက်ကို သိထားမှဖြစ်မယ်နော်။ ဘာတွေဖြစ်မလဲဆိုတာကိုတော့ အောက်မှာဆက်ကြည့်လိုက်ကြရအောင်ပါ။

၁။ Cleaning

မျက်နှာသန့်စင်တာကိုတော့ လူတိုင်းသိကြပါတယ်။ သို့ပေမဲ့လို့ ရိုးရိုးသန့်စင်တာနဲ့ Cotton Ball လေးတွေသုံးပြီး သန့်စင်တာက မတူပါဘူး။ ပထမအဆင့်အနေနဲ့ Cotton Ball ကို နှင်းဆီရည် (Rose Water) ထဲစိမ်ပြီး မျက်နှာသစ်လိုက်ပါ။ ပြီးရင်တော့ မျက်နှာတစ်ခုလုံးကို နို့ရည်လိမ်းပြီး အခြောက်ခံထားလိုက်ပါ။ နောက်တစ်ဆင့်အနေနဲ့ နို့ရည်တွေခြောက်သွားပြီးဆို ရေဆေးချလိုက်ပါ။

၂။ Scrubbing

နို့ရည်တွေကို ရေအေးလေးနဲ့ ဆေးချပြီးပြီဆိုရင်တော့ Scrub တိုက်လို့ရပါပြီ။ Scrub တိုက်ခြင်းဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သကြားလက်ဖက်ရည်ဇွန်း (၂) ဇွန်းနဲ့ Olive Oil (၁) ဇွန်းကို အုန်းရည် (သို့) သံပရာရည်နဲ့ရောပြီး သမအောင်ထပ်မွှေပေးပါ။ ပြီးရင်တော့ အဆိုပါအရောအနှောကို မျက်နှာပေါ်တင်လိမ်းပြီး စက်ဝိုင်းပုံနှိပ်နယ်ပေးလိုက်ပါ။

၃။ Steaming

Steaming ဆိုတာက ရေနွေးငွေ့နဲ့ပေါင်းတင်တာပါ။ ပူနေတဲ့ရေနွေးဇလုံအပေါ်မှာ ခေါင်းကိုပုဝါခြုံပြီး မျက်နှာကို ရေနွေးငွေ့ပေးပါ။ အေးသွားပြီဆို ပြန်လဲပါ။ (၄-၅) မိနစ်လောက် အဆိုပါနည်းလမ်းအတိုင်း ထပ်ခါ၊ ထပ်ခါလုပ်ပေးပါ။

၄။ Face Massage And Mask

နောက်ဆုံးအဆင့်အနေနဲ့ မျက်နှာကိုနှိပ်နယ်ပေးပြီး Mask အုပ်ပေးရမှာပဲ့ဖြစ်ပါတယ်။ မျက်နှာကို စိတ်ကြိုက်စက်ဝိုင်းပုံအတိုင်း နှိပ်နယ်ပြီးပြီဆိုရင်တော့ Mask အုပ်လို့ရပါပြီ။ ပျားရည်နဲ့ သံပရာရည်ကို ဆတူရောပြီး မိနစ် (၂၀) လောက်မျက်နှာပေါ် တင်ထားလိုက်ပါ။ ပြီးရင်တော့ ရေဆေးချလို့ ရပါပြီ။

ဒီအချက်လေးတွေအတိုင်း ပုံမှန်ဂရုတစိုက်လိုက်လုပ်ပေးရင်တော့ Glowပြီး လှပစိုပြေတဲ့ အသားအရေကြည်ကြည်တောက်တောက်လေးကို ရရှိပိုင်ဆိုင်မှာ မလွဲမသေပါပဲ့နော်။