Mask တပ်လို့ အထူးသဖြင့် မေးစိမှာ ဝက်ခြံထွက်လာတာမျိုးတွေ ခဏခဏဖြစ်တတ်ပါတယ်။ တချို့ဆိုရင် မေးစိအပြင် ပါးရိုးနေရာတွေ၊ mask အုပ်ထားတဲ့နေရာတွေ အကုန်လုံးကို ဝက်ခြံတွေထွက်လာတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့် mask တပ်လို့ ဝက်ခြံတွေထွက်လာတာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

မျက်နှာသေချာသစ်ပါ

အရေးကြီးတာက မျက်နှာသေချာသစ်ဖို့ပါပဲ။ Dermalogica Clearing Skin Wash လိုမျိုး salicylic acid-based cleanser တွေ သုံးပေးတာ ပိုကောင်းပါတယ်။ ဝက်ခြံတွေလည်း သက်သာပြီး အရေးပြားနီမြန်းယားယံတာတွေလည်း သက်သာစေပါတယ်။ မျက်နှာကို သေချာ cleansing မလုပ်ရင် ဝက်ခြံတွေ ပိုးဆိုးလာပါလိမ့်မယ်။

မိတ်ကပ်ကိုအများကြီးမလိမ်းပါနဲ့

Mask တပ်ရမယ်ဆိုရင် မိတ်ကပ်ကို အများကြီးမလိမ်းပါနဲ့။ ပါးပါးလေးပဲလိမ်းပါ။ မိတ်ကပ်တွေ heavy ဖြစ်အောင်လိမ်းပြီး ပြင်ဆင်ထားပြီး mask တပ်လိုက်ရင် ချွေးနဲ့ မိတ်ကပ်တွေနဲ့ mask အသားနဲ့ရောပြီး ချွေးပေါက်တွေပိတ်ကာ ဝက်ခြံထွက်လာမှာပါ။ ကိုယ်က အဆီပြန်တတ်တယ်ဆိုရင် mask ကိုချွတ်ပြီး တစ်ရှူးနဲ့သုတ်ပေးတာမျိုး၊ ဆီစုပ်စက္ကူနဲ့သုတ်တာမျိုးတွေ လုပ်ပေးပါ။

အသက်ရှူချောင်တဲ့ Mask ကို ရွေးချယ်ပါ

ကိုယ်က breakouts ဖြစ်လွယ်တယ်၊ sensitive ဖြစ်ပြီး ဝက်ခြံထွက်လွယ်တယ်ဆိုရင် တစ်ခါသုံး mask တွေထက် အသက်ရှူချောင်စေမယ့် cotton-based mask တွေကိုသာ ရွေးချယ်ပါ။ အသားကြမ်းတဲ့ fibres mask တွေဆိုရင် အရေပြားနီမြန်းယားယံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ Cotton-based mask တွေတပ်မယ်ဆိုရင်လည်း တစ်ခါတပ်ပြီးရင်လျှော်ပါ။ မလျှော်ပဲပြန်တပ်ရင် mask အတွင်းသားမှာကပ်နေတဲ့ မိတ်ကပ်၊ မျက်နှာအဆီတွေက မျက်နှာကိုပြန်ထိပြီး ဝက်ခြံထွက်ပါလိမ့်မယ်။