မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းရာမှာ မျက်ဝန်းလိမ်းခြယ်ဖို့ကလည်း သိပ်ကိုအရေးပါပါတယ်။ မျက်လုံးလိမ်းတဲ့အခါမှာ Eyeshadow လိမ်းတာဟာလည်း အရေးပါပါတယ်။ အခုလို Eyeshadow လိမ်းခြယ်ရာမှာ သင့်ရဲ့ မျက်လုံးကို အတောက်ပဆုံးဖြစ်စေမယ့် လိမ်းခြယ်နည်းတွေကို မျှဝေပေးသွားပါမယ်။

၁။ မျက်ခုံးရိုးနားမှာ

သင့်ရဲ့ မျက်လုံးရိုး မျက်ရစ်အပေါ်နားမှာ အရောင်နည်းနည်းလင်းတာ နည်းနည်းတောက်တာကိုလိမ်းပေးပါ။

၂။ မျက်ခွံပေါ်မှာ

သင့်ရဲ့ မျက်ခွံပေါ်မှာ ဆွဲဆောင်မှုရှိပြီး လှပတဲ့ အရောင်ကို ရွေးချယ်ပြီး လိမ်းပေးပါ။

၃။ အနားသတ်အတွန့်လေးထည့်ပါ

မျက်လုံးထောင့်အနားသတ်မှာ အတွန့်လေးမှာ မျက်ရစ်မှာ လိမ်းထားတာထက် အရောင်ပိုရင့်တာကို လိမ်းပေးပါ။

၄။ မျက်လုံးထောင့်နားမှာ V ပုံစံမျိုး ဆိုးပေးပါ

မျက်လုံးထောင့်နားမှာ အရောင်ရင့်တာလေး ထည့်ပေးပါ။

၅။ မျက်လုံးအောက်နားမှာ

မျက်လုံးအောက်နားက မျက်ရစ်မှာ အဖြူရောင် Eye Pencil လေး ထည့်ပေးပါ။ ပိုပြီးအရောင်လင်းတာထည့်ပေးတာက ပိုကောင်းပါတယ်။