Vaseline ဆိုတာအသားအရေအတွက်ပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် နေရာတိုင်းလိုလိုမှာ အသုံးဝင်နေတာပဲဖြစ်ပါတယ်။ ဘယ်နေရာမျိုးမှာပဲ ဖြစ်ဖြစ် Vaseline ကကူညီဖြေရှင်းပေးနိုင်ပြီး အလှအပအတွက်ဆိုရင်လည်း အသုံးဝင်နေတဲ့နည်းလမ်းတွေ အများကြီးရှိနေတာကြောင့် ပျိုမေတို့အတွက်လွယ်ကူချောမွေ့စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

နှုတ်ခမ်းအတွက်

Vaseline ကိုနှုတ်ခမ်းအတွက်အသုံးပြုမယ်ဆိုရင်လည်း ပိုလှပသွားစေမယ့်နည်းလမ်းလေးတွေရှိပါတယ်။ Vaseline ကိုနှုတ်ခမ်းသားလေးတွေမှာ သေချာလိမ်းပေးပြီး နူးညံ့သွားအောင်လုပ်ပေးလိုက်ပါ။ ပြီးရင်တော့ ဆိုးမယ့်နှုတ်ခမ်းနီကိုသေချာညီအောင်ဆိုးပေးပြီး နှုတ်ခမ်းထိပ်ပိုင်းနဲ့ အောက်ပိုင်းနားလေးတွေမှာ Vaseline ကိုအနည်းငယ်လိမ်းပေးထားလိုက်မယ်ဆိုရင်တော ပျိုမေတို့ရဲ့နှုတ်ခမ်းကို ထူထူလေးနဲ့ လှပနေတယ်လို့ ထင်ရစေမှာပဲဖြစ်ပါတယ်။

မျက်တောင်အတွက်

မျက်တောင်လေးတွေကို ဆွဲဆောင်မှုရှိရှိနဲ့ သိသိသာသာထူထဲလာစေဖို့အတွက် Vaseline ကကူညီပေးနိုင်ပါတယ်။ ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ Vaseline ကို မျက်တောင်လေးတွေမှာ သေချာသုတ်လိမ်းပေးပြီးမှာ အိပ်ပေးဖို့လိုပါတယ်။ နေ့တိုင်းပုံမှန်လုပ်သွားပေးမယ်ဆိုရင်တော့ သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရမှာပဲဖြစ်ပါတယ်နော်။

Eyeshadow

မိတ်ကပ်ပြင်တဲ့အခါမှာ Eyeshadow အရောင်ကိုပိုလှပြီး တောက်ပြောင်ချင်တယ်ဆိုရင်တော့ Vaseline ကိုသုံးပေးလို့ရပါတယ်နော်။ မိတ်ကပ်လိမ်းပြီး Eyeshadow မခြယ်ခင်အချိန်မှာ မျက်ခွံပေါ်ကို Vaseline အနည်းငယ်လိမ်းပေးပြီးမှ Eyeshadow လိမ်းပေးမယ်ဆိုရင်တော့ သပ်ရပ်ပြီးအရောင်ပိုထွက်တဲ့ မိတ်ကပ်ပြင်ဆင်မှုကို ရရှိမှာပဲဖြစ်ပါတယ်။

Highlighter

မိန်းကလေးတွေကြားမှာ အရမ်းကိုရေပန်းစားလာတဲ့ ပြင်ဆင်နည်းပေါ့။ မျက်နှာအသားအရေကို ကြည်လင်နေတယ်လို့ထင်ရစေပြီး ကြည့်လိုက်တာနဲ့မျက်နှာက ဝင်းဝင်းပြောင်ပြောင်လေးဖြစ်နေစေဖို့အတွက် Highlighter တွေကိုအသုံးပြုလာကြပါတယ်။ ဒီလိုမဟုတ်ပဲ Vaseline ကို ပါးရိုးလေးတွေပေါ်မှာ လိမ်းပေးထားမယ်ဆိုရင်လည်း Highlighter လိုပဲပေါ့။

Photo Source: Unsplash