ဒူးတစ်ဝိုက်က အသားအရေက တင်းရင်းမှုမရှိဘဲ လျော့ရဲနေလို့ ယုံကြည်မှုပျောက်နေလား ? အသက်ကြီးလာတာနဲ့အမျှ အရေပြားတွေက တွန့်လွယ်လာသလို တခြားအကြောင်းအမျိုးမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါဆို ဒူးခေါင်းအရေပြားကို တင်းတင်းရင်းရင်းဖြစ်အောင် ဘယ်လိုလုပ်လို့ရမလဲ ?

နေရောင်ခြည်ကိုရှောင်ပါ

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ကာကွယ်ဖို့ အရေးကြီးတဲ့ နံပါတ်တစ်အချက်က နေရောင်ခြည်ဒဏ်ကို ကာကွယ်ဖို့ပါ။ ဒါကြောင့် တိမ်ထူတဲ့နေ့တွေမှာတောင် ခန္ဓာကိုယ်နဲ့ မျက်နှာပေါ်မှာ Sunscreen လိမ်းဖို့ မမေ့ပါနဲ့။ အဝတ်အစားနဲ့ အုပ်ထားပါ။ အပူဆုံးအချိန်တွေမှာ အပြင်မထွက်ပါနဲ့။

Collagen နဲ့ Elastin ကိုမြှင့်တင်ပါ

Elastin က ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ပရိုတင်းတစ်မျိုးဖြစ်တာမလို့ ခန္ဓာကိုယ်ထဲမှာCollagen နဲ့ Elastin တွေ တိုးလာမယ်ဆိုရင် အရေပြားကို အထောက်အကူပြုပါတယ်။ ဒါကြောင့် Collagen ကို တိုးစေတဲ့ အစားအစာများ ၊ Supplements များစားပေးပါ။ Skincare Products များသုံးပေးပါ။

Retinol ကို သုံးပေးပါ

Retinol ဆိုတာက ဗီတာမင် A ကနေ ဆင်းသက်လာတဲ့ အစွမ်းထက် Skincare Ingredient ဖြစ်တာကြောင့် Retinol ပါတဲ့ Cream ကို တစ်ပတ် ၃-၄ ကြိမ် လိမ်းပေးရင် အသားအရေကိုတင်းရင်းစေပြီး အရေးအကြောင်းတွေ နည်းပါးလာစေပါတယ်။

Exfoliation လုပ်ပေးပါ

ခြေထောက်မှာအဖြစ်များတဲ့ ဆဲလ်အသေတွေ အစုလိုက်အပြုံလိုက် ဖြစ်တာကလည်း ဒူးတွန့်တာကို ပိုသိသာစေပါတယ်။ ပုံမှန် Exfoliation က ဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး မလိုလားအပ်တဲ့ အသားရောင်မညီတာတွေကို ဖယ်ရှားပေးနိုင်တာကြောင့် ဒူးနားတစ်ဝိုက်ကို Exfoliation လုပ်ပေးပါ။

အသားခြောက်တာကို Hyaluronic Acid နဲ့ ကာကွယ်ပါ

အချိန်ကြာလာတာနဲ့အမျှ အရေပြားမှာ အစိုဓာတ် ဆုံးရှုံးလာတဲ့အခါ အသားအရေ ခြောက်တာက အဖြစ်များလာပါတယ်။ Hyaluronic Acid က အရေပြားအတွင်းပိုင်းထဲမှာ သဘာဝအတိုင်း ဖြစ်တဲ့ Acid ဖြစ်ပြီး Collagen နဲ့ Elastin အမျှင်များကြားကနေရာများကို ဖြည့်ပေးတာကြောင့် အသားအရေကို တင်းရင်းချောမွေ့စေပါတယ်။ ဒါကြောင့် Hyaluronic Acid ပါတဲ့ Body Lotions နဲ့ Supplements များသုံးပေးပါ။

လေ့ကျင့်ခန်းလုပ်ပါ

ဒူးဆစ်တစ်ဝိုက်နားကအဆီပိုတွေကလည်း ဒူးခေါင်းအရေးအကြောင်းတွေကို ပေါ်လွင်စေတာကြောင့် ဒူးဆစ်တစ်ဝိုက်က ကြွက်သားများကို သန်မာစေဖို့ လေ့ကျင့်ခန်းများ လုပ်ပေးပါ။

Laser Treatments ယူပါ

Laser Treatment က အသားအရေကိုညီစေတဲ့အပြင် အရေပြားအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်ပြီး အရေပြားဆဲလ်များကို ထိထိရောက်ရောက်ဖြစ်စေတာမလို့ အချိန်ကြာလာတာနဲ့အမျှ အသားအရေကို ချောမွေ့တင်းရင်းလာစေပါတယ်။