မျက်နှာအသားအရေပေါ်မှာ နေလောင်ဒဏ်ကြောင့်ပဲဖြစ်ဖြစ်။ ဝက်ခြံတွေကြောင့် ကျန်နေခဲ့တဲ့အမာရွတ်တွေက မျက်နှာအသားအရေပေါ်မှာ အမဲစက်တွေလိုမျိုးဖြစ်ပြီး ကြည့်ရဆိုးနေစေတာပေါ့။ ဒီလိုမျိုး အသားအရေပြဿနာတွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကတော့ရှိပြီးသားပါ။ အိမ်မှာရှိနေတဲ့ ပစ္စည်းလေးတွေနဲ့ပဲ ပျိုမေတို့ရဲ့မျက်နှာပေါ်က အမဲစက်တွေကို လျော့နည်းသက်သာစေမယ့် နည်းလမ်းလေးတွေပေါ့။

အာလူးကိုအသုံးပြပြီး ကုသလို့ရမယ်

အာလူးမှာပါဝင်နေတဲ့ အာဟာရဓာတ်တွေက မျက်နှာအသားအရေမှာရှိနေတဲ့ အမာရွတ်တွေ၊ အမဲစက်တွေနဲ့၊ နေလောင်ဒဏ်တွေကို လျော့ပါး သက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။ နည်းလမ်းကတော့ လွယ်လွယ်လေးရယ်ပါနော်။ အာလူးကိုပါးပါးလေးတွေလှီးပြီး မျက်နှာအသားအရေပေါ်က အမဲစက်တွေရှိနေတဲ့နေရာပေါ်မှာ တိုက်ရိုက်တင်ထားပေးပြီး မိနစ် ၂၀ လောက်ကြာအောင် ထားထားပေးလိုက်ရုံပါပဲ။ အချိန်ပြည့်သွားရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာကိုသေချာပြန်သစ်ပေးရမှာပေါ့။ နေ့တိုင်းလုပ်ပေးလို့လည်း အဆင်ပြေသလို အသားအရေထိခိုက်မှုတွေမရှိတာကြောင့် ကောင်းမွန်တဲ့အသားအရေကို ရရှိမှာပဲဖြစ်ပါတယ်နော်။

နနွင်းမှုန့်ကိုသုံးလို့ရတယ်

မျက်နှာမှာရှိတဲ့အမဲစက်တွေကို သိသိသာသာလျော့နည်းသွားစေချင်တယ်ဆိုရင်တော့ ဆနွင်းမှုန့်နဲ့ပြန်လည်ကုသလို့ရပါတယ်နော်။ ဆနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နွားနို့နဲ့ ရှောက်သီးအရည်တို့ကို သေချာရောစပ်ပြီး မျက်နှာပေါ်မှာသေချာလိမ်းပြီး အချိန်ခဏလောက်ထားထားပေးလိုက်ပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာကိုပြန်ပြီးတော့သစ်ပေးလိုက်ရုံပေါ့။ တစ်ပတ်ကိုတစ်ခါလောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် သိသိသာသာ လျော့နည်းလာမှာပဲဖြစ်ပါတယ်။

ရှောက်သီးကိုသုံးပြီး ပြုပြင်ကြမယ်

ရှောက်သီးကိုအသုံးပြုပြီး မျက်နှာမှာရှိနေတဲ့ အမဲစက်တွေကို လျော့နည်းသက်သာသွားအောင် ပြင်ဆင်ပေးလို့ရပါတယ်။ ရှောက်သီးကို အရည်ရအောင် ညှစ်ပြီး ဂွမ်းစလေးနဲ့စိမ်ပြီး မျက်နှာအသားအရေပေါ်မှာ သေချာပွတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်လောက်ထားပြီး မျက်နှာကိုရိုးရိုးရေနဲ့ပဲ ဆေးကြောပေးပြီး အစိုဓာတ်ထိန်းခရင်မ်လေးကိုတော့ ပြန်လိမ်းပေးဖို့လိုပါတယ်နော်။

ဒီနည်းလမ်းလေးတွေက အိမ်မှာလုပ်ကြည့်ဖို့လွယ်ကူပြီး ထိရောက်တဲ့နည်းလမ်းလေးတွေဖြစ်တာကြောင့် ညဘက်တိုင်းမှာလုပ်ကြည့်ပေးသင့်တယ်နော်။

Photo Source: Pexels