ဆံပင်အတွက်ဆိုရင်ထိန်းသိမ်းမှုတွေ သေချာလုပ်ပေးပြီး ဂရုတစိုက်နဲ့ ထိန်းသိမ်းပေးနေမှ ကောင်းမွန်တဲ့ဆံပင်လေးတွေကို ပိုင်ဆိုင်ရမယ်ဆိုတာ မိန်းကလေးတိုင်းသိထားပြီးသားပါ။ ဒါပေမယ့် အချိန်မအားတာတွေရယ်၊ မသိပဲလုပ်မိနေတဲ့အရာတွေတော်တော်များများကြောင့် ဆံသားတွေကပျက်စီးပြီးရင်း ပျက်စီးနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ပျက်စီးနေတဲ့ဆံသားတွေကို ပြန်လည်ကောင်းမွန်လာစေဖို့ လိုက်နာရမယ့်နည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခေါင်းနေ့တိုင်းလျှော်ပေးတာမျိုးတွေက ဆံပင်တွေကိုပျက်စီးလာစေဖို့ အခွင့်အရေးပိုများအောင် လုပ်နေသလိုပါပဲ။ နှစ်ရက်တစ်ခါလောက်ပုံမှန်လျှော်တာက အကောင်းဆုံးဖြစ်ပြီး အမြဲတမ်းဆိုသလိုလျှော်နေမယ်ဆိုရင်တော့ ဆံသားမှာရှိနေတဲ့အဆီဓာတ်တွေ ဆုံးရှုံးပြီးခြောက်သွေ့ပျက်စီးလာမှာပဲဖြစ်ပါတယ်။

အိမ်မှာနေရင်းနဲ့လည်း သဘာဝနည်းလမ်းလေးတွေနဲ့ ဆံသားထိန်းသိမ်းတာမျိုးတွေကို လုပ်ပေးဖို့က လိုကိုလိုအပ်ပါတယ်နော်။ သံလွင်ဆီက ဆံသားကိုအဓိကအားဖြည့်ပေးနိုင်ပြီး နူးညံ့ပျော့ပျောင်းစေနိုင်တာကြောင့် ခေါင်းမလေ ျှာ်ခင်အချိန်မှာ သံလွင်ဆီကိုဆံသားအနှံနဲ့ ဦးရေပြားတွေပေါ်မှာလိမ်းပေးပြီး နှိပ်နယ်ပေးဖို့လိုပါတယ်။

ခေါင်းလျှော်ပြီးတဲ့အချိန်တွေမှာ အချိန်ကုန်တာသက်သာစေဖို့ဆိုပြီး ဆံပင်တွေကို Dryer တွေနဲ့အခြောက်ခံကြပါတယ်။ ဒီလိုနည်းလမ်းမျိုးက တစ်ခါတစ်ရံပဲကောင်းပေမယ့် အမြဲတမ်းလုပ်နေမယ်ဆိုရင်တော့ ဆံသားတွေကိုခြောက်သွေ့ ပြီးအဖျားနှစ်ခွတွေဖြစ်ကာ ပျက်စီးလာစေမှာပဲဖြစ်ပါတယ်နော်။

ဆံပင်ကိုပုံမှန်ညှပ်ပေးဖို့လည်း လိုအပ်ပါတယ်။ ဆံပင်အဖျားမှာ ပျက်စီးတာကြောင့်ဖြစ်တတ်တဲ့ ဆံသားနှစ်ခွတွေ မဖယ်ရှားပေးဘူးဆိုရင် ပိုပျက်စီးလာပြီး ဆံပင်ရှည်တာကိုလည်း နှောင့်နှေးစေမှာပဲဖြစ်ပါတယ်။ ဒါကြောင့် တစ်လတစ်ခါလောက်တော့ ဆံပင်အဖျားတွေကိုညှိပေးတာမျိုးတွေ လုပ်သင့်ပါတယ်နော်။

နေပူထဲသွားရင် အသားအရေကိုပဲ ပျက်စီးစေတာမဟုတ်ပဲ ဆံသားတွေကိုလည်းပျက်စီးစေတယ်ဆိုတာကိုလည်း သိထားဖို့လိုပါတယ်။ နေပူထဲကိုသွားတဲ့အခါမှာ ဒီတိုင်းပဲသွားနေမယ်ဆိုရင် နေအပူဒဏ်ကြောင့် ဆံသားတွေခြောက်သွေ့ပြီး ဖွာထွက်တာမျိုးတွေ မဖြစ်တော့အောင်လို့ ထီးဆောင်းသွားတာမျိုးတွေကို အကျင့်လုပ်ပေးသင့်ပါတယ်။

Photo Source: Unsplash