လူရယ်လို့ဖြစ်လာပြီဆိုရင် လောကကြီးမှာရှိတဲ့သူတွေနဲ့ ဆက်ဆံရတာက သိပ်ပြီးတော့အဆင်ပြေစရာတွေပဲတော့ မတွေ့နိုင်ပါဘူး။ ဒီလိုမျိုး အဆင်မပြေတဲ့အချိန်တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ စိတ်ဓာတ်ကျရတာတွေ၊ ဝမ်းနည်းရတာမျိုးတွေလည်း ကြုံတွေ့ရနိုင်တာပေါ့။ ဒီလိုမျိုးတွေဖြစ်လာခဲ့မယ်ဆိုရင် ပြင်ဆင်ပြီးတော့နေထိုင်သင့်တဲ့အရာတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ရေချိုးခန်းထဲကိုဝင်ပြီး အကြိုက်ဆုံးသီချင်းတွေကို ကျယ်ကျယ်လေးဖွင့်ထားရင်းနဲ့ ရေချိုးနေလိုက်ပါ။ ရေချိုးခန်းထဲမှာ ထိုင်နေရင်း သီချင်းကောင်းလေးတွေကိုနားထောင်ပြီး မျက်နှာပေါင်းတင်တာ၊ ဆံပင်ပေါင်းတင်နေတာမျိုးတွေကို လုပ်နေလိုက်မယ်ဆိုရင်လည်း စိတ်ပင်ပန်းမှုတွေကို အနည်းငယ်တော့ပျောက်သွားစေပါလိမ့်မယ်။

သန့်ရှင်းရေးနဲ့ အကျိုးပြုပုံတစ်ချို့ကလည်း တကယ်အသုံးဝင်ပါတယ်။ စိတ်ညစ်စရာတွေရှိလာပြီဆိုရင် အဲဒါတွေကိုပဲ စဉ်းစားမနေပဲ ရှုပ်ပွနေတဲ့ခန်းတွေကို သန့်ရှင်းရေးလုပ်ပေးလိုက်မယ်ဆိုရင် စိတ်ညစ်စရာတွေလည်း ရှင်းလင်းသွားပါလိမ့်မယ်။

ရေများများသောက်ပေးဖို့လည်း လိုအပ်ပါသေးတယ်နော်။ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေတာက မကောင်းတဲ့စိတ်ခံစားမှုတွေကို လျော့နည်းသွားစေဖို့ အခွင့်အရေးရှိတာကြောင့် စိတ်ညစ်စရာတွေရှိလာရင် ခေါင်းထဲကဖယ်ထုတ်နိုင်အောင်ကြိုးစားပြီး ရေများများသောက်ပေးလိုက်ပါ။

လေ့ကျင့်ခန်းလုပ်ပေးတာမျိုးကလည်း စိတ်ခံစားမှုကိုပြောင်းလဲသွားစေနိုင်ပြီး ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုတွေကြောင့် ပိုပြီးတော့သန်မာလာသလိုမျိုး ခံစားရတာကြောင့် ဝမ်းနည်းနေတဲ့အရာတွေကို ဖယ်ပျောက်ပေးလိုက်နိုင်ပါတယ်။

စာတွေချရေးကြည့်လိုက်ပါ။ စိတ်ထဲမှာ ခံစားနေရတာတွေ ဝမ်းနည်းနေတာတွေကို သူများကိုရင်မဖွင့်ချင်ဘူးဆိုရင် စာအုပ်ထဲမှာချရေးထားလိုက်ပြီး စိတ်ထဲဦးနှောက်ထဲမှာရှိနေတာတွေကို အကုန်လုံးထုတ်လိုက်ပါ။ ဒီလိုလုပ်တာက ရင်ထဲမှာရှိနေတာတွေ ပေါ့ပါးသွားပြီး စိတ်ညစ်စရာတွေကိုလည်း လျော့နည်းသွားစေနိုင်ပါတယ်။