Mascara တွေက သုံးပြီးရင် မျက်တောင်ခတ်လိုက်တာနဲ့ ပေကျံကုန်တာမျိုး၊ နည်းနည်းလောက်ပွတ်မိတာနဲ့ ပေကျံကုန်တာမျိုးတွေဖြစ်ရင် အဆင်မပြေပါဘူး။ မျက်လုံးနားတစ်ဝိုက်မဲပြီး မျက်ကွင်းညိုနေသလိုမျိုး ဖြစ်စေပါတယ်။ ဒါကြောင့် သုံးထားရင် ပေကျံကုန်မှာစိတ်ပူစရာမလိုတဲ့ အကောင်းဆုံး waterproof mascara တွေကို ဖော်ပြပေးလိုက်ပါတယ်။

Too Faced Better Than Sex Waterproof Mascara

ချစ်ဖို့ကောင်းတဲ့ packaging လေးနဲ့ သုံးလိုက်ရင်လည်း မျက်တောင်တွေက စုသွားတာမျိုးမဟုတ်ပဲ တစ်ချောင်းချင်းစီ ကော့ပြီးရှည်သွားစေတာမျိုးပါ။ ပြန့်ကုန်မှာ၊ ပေကျံကုန်မှာကိုလည်း လုံးဝစိတ်ပူစရာမလိုပါဘူး။

Maybelline New York Lash Sensational Waterproof Mascara

Best Mascara အဖြစ်နဲ့ ဈေးကွက်ထဲမှာ အရမ်းနာမည်ကြီး လူကြိုက်များပါတယ်။ ဈေးသင့်တင့်ပြီး ကောင်းတာမျိုးသုံးချင်တယ်၊ waterproof ဖြစ်တာမျိုးသုံးချင်တယ်ဆိုရင် ရွေးချယ်သင့်ပါတယ်။ ဝယ်မိလို့ နောင်တရမှာမဟုတ်ပါဘူး။ မျက်တောင်လေးတွေ ကော့ပြီး ထူထူရှည်ရှည်လေး ဖြစ်သွားစေပါတယ်။

Lancôme The Monsieur Big Waterproof Mascara

24 နာရီကြာရှည်ခံပြီး မျက်တောင်လေးတွေကို တစ်ချောင်းချင်းစီ ရှည်ပြီးကော့နေစေပါတယ်။ လူကြိုက်များတဲ့ mascara ဖြစ်သလို ဝယ်မိရင်လည်း စိတ်ကျေနပ်မှု အပြည့်အဝရစေမှာ သေချာပါတယ်။ သူ့ရဲ့ brush ကိုက နူးညံ့တာကြောင့် သုံးရတာအရမ်းအဆင်ပြေပါတယ်။

Tarte Lights, Camera, Splashes Waterproof Mascara

နူးညံ့တဲ့ texture နဲ့ waterproof ဖြစ်သလို long-lasting လည်းဖြစ်ပါတယ်။ ဒါ့အပြင် မျက်တောင်လေးတွေ လုံးဝကိုကော့ညွတ်ပြီး ရှည်ထွက်လာမှာဖြစ်သလို မျက်တောင်လည်း ပိုထူသွားစေမှာပါ။ သုံးလိုက်ရင် ပေကျံကုန်မှာ၊ ပြန့်မှာကို လုံးဝစိတ်ပူစရာမလိုပါဘူး။

L’Oreal Paris Voluminous Original Waterproof Mascara

သဘာဝအတိုင်း မျက်တောင်လေးတွေ ထူပြီးရှည်နေသလို look မျိုးရစေမယ့် mascara ပါ။ Waterproof လည်းဖြစ်တဲ့အပြင် sweat-proof လည်းဖြစ်ပါတယ်။ ဒါကြောင့် ချွေးထွက်လို့ပျက်မှာကိုပါ စိတ်ပူစရာမလိုတော့ဘူးနော်။