သင်္ကြန်ရေဆော့မှ Waterproof Foundation သုံးရတာမဟုတ်ပါဘူး။ မိုးရွာတဲ့နေ့တွေမှာ မိုးရေထိရင် မိတ်ကပ်ကွက်တာမျိုး ဖြစ်မှာကြောက်တယ်ဆိုရင်လည်း Waterproof ကို သုံးပေးလို့ရပါတယ်။
ဒါကြောင့် မိန်းကလေးတွေအတွက် Waterproof ဖြစ်တဲ့အပြင် မိတ်ကပ်သားပါကြာရှည်ခံတဲ့ အကောင်းစား Foundation (၅) မျိုးကို မျှဝေပေးလိုက်ပါတယ်။
Dior Backstage Face & Body Foundation
Dior Backstage Foundation ကတော့ အခုတော်တော်နာမည်ကြီးနေတာပါ။ Waterproof ဖြစ်ပြီး မိတ်ကပ်သားကြာရှည်ခံတယ်လို့ ပြောကြတယ်။ သူ့မှာက ရွေးချယ်စရာ Shade လည်း ၄၀ တောင်ရှိတယ်။ Glow တာမျိုးကြိုက်ရင်တော့ ဒါလေးက Must buy ပဲနော်။
Tarte Amazonian Clay Full Coverage Foundation SPF 15
Tarte ရဲ့ ဒီ Foundation ကတော့ Matte Type ဖြစ်ပြီး Oil Free ပါနော်။ မိတ်ကပ်သားက Full Coverage ဖြစ်တဲ့အပြင် တစ်နေကုန်ခံပါတယ်။ သူ့မှာက နေရောင်ခြည်ကာကွယ်ဖို့လည်း Spf 15 ပါသေးတယ်။
MAC Pro Longwear Nourishing Waterproof Foundation
MAC ရဲ့ ဒီ Foundation ကတော့ ရေစိုခံ Waterproof ဖြစ်တဲ့အပြင် မိတ်ကပ်သားလည်း ကြာရှည်ခံတယ်။ လိမ်းထားရင်လည်း ပေါ့ပေါ့ပါးပါးဖြစ်စေတယ်။ ရေကူးရင်တောင် လိမ်းလို့ရတယ်လို့ ကြေငြာထားပါတယ်။
Make Up For Ever Water Blend Face & Body Foundation
Make Up For Ever က ဒီ Foundation လေးကတော့ ရေစိုခံတဲ့ Waterproof လည်းဖြစ်တဲ့အပြင် မိတ်ကပ်သားလည်း တစ်နေကုန်ခံပါတယ်တဲ့နော်။ အခုခေတ်မိန်းကလေးတွေကြိုက်တဲ့ Dewy Look လေးရစေပါတယ်။
Revlon ColorStay Makeup
Revlon ရဲ့ ColorStay Makeup Foundation ကတော့ ဒီထဲမှာ ဈေးအသက်သာဆုံးဖြစ်တဲ့အပြင် ရွေးချယ်စရာ Shade ကလည်း ၄၃ မျိုးတောင် ရှိပါတယ်။ သူ့ရဲ့မိတ်ကပ်သားက တစ်နေကုန်ခံတဲ့အပြင် ချွေးထွက်လို့ ပျက်သွားတာမျိုးလည်း မရှိပါဘူးတဲ့။ အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေအတွက်ဆိုရင် ဒါလေးက Must Buy ပဲနော်။
Photo Source: www.cosmopolitan.com