မျက်ကွင်းညိုတာနဲ့ မျက်လုံးအောက်က အရေးအကြောင်းတွေအတွက် အကောင်းဆုံး under-eye concealer တွေကို ဖော်ပြပေးလိုက်ပါတယ်။ မျက်ကွင်းအရမ်းညိုတဲ့သူ၊ မျက်လုံးအောက်မှာ အရေးအကြောင်းတွေ များနေတဲ့သူဆိုရင် concealer ဖြစ်ရင်ပြီးရောဆိုပြီးမသုံးပဲ ဒီ concealer တွေသုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။

Estée Lauder Double Wear Stay-in-Place Flawless Wear Concealer

လိမ်းရတာလွယ်ကူပြီး smooth coverage ဖြစ်ပါတယ်။ မျက်ကွင်းညိုတာနဲ့ အရေးအကြောင်းတွေကိုလည်း သေချာဖုံးပေးနိုင်ပါတယ်။ ဈေးကြီးသလောက် ပြန်ရတဲ့ result ကလည်းမိုက်ပါတယ်။

Maybelline New York Instant Age Rewind Eraser Multi-Use Concealer

လူကြိုက်များတဲ့ concealer ဖြစ်ပါတယ်။ မျက်ကွင်းညိုတာကို သေချာဖုံးပေးသလို အရေးအကြောင်းတွေလည်း ဖုံးပေးပါတယ်။ ဈေးသင့်တင့်ပြီး သုံးရတာ အရမ်းအဆင်ပြေလို့ လူကြိုက်များပါတယ်။

IT Cosmetics Bye Bye Under Eye Anti-Aging Waterproof Concealer

မျက်ကွင်းအရမ်းညိုတဲ့သူတွေ သုံးသင့်တဲ့ concealer ဖြစ်ပါတယ်။ Full coverage ပေးနိုင်တာကြောင့် တစ်နေကုန် အဆင်ပြေစေပါတယ်။

NARS Radiant Creamy Concealer

အရေးအကြောင်းတွေအတွက် ပိုပြီးကောင်းတဲ့ concealer ဖြစ်ပါတယ်။ လိမ်းလိုက်ရင် ခြောက်သွားတာမျိုး လုံးဝမဖြစ်ပါဘူး။ Coverage ကတော့ medium coverage ဖြစ်ပါတယ်။

L’Oréal Age Perfect Radiant Concealer

သက်ကြီးပိုင်းအသားအရေတွေနဲ့ မျက်ကွင်းညိုတာအတွက် အရမ်းအဆင်ပြေတဲ့ concealer ဖြစ်ပါတယ်။ အရေးအကြောင်းတွေကိုလည်း ဖုံးပေးနိုင်ပါတယ်။ ဈေးကလည်း သင့်တင့်တာကြောင့် လူတိုင်းသုံးလို့ အဆင်ပြေပါတယ်။

Lancôme Effacernes Waterproof Protective Undereye Concealer

လိမ်းထားရင် long lasting ဖြစ်တဲ့ concealer ပါ။ မျက်ကွင်းညိုတာနဲ့ အရေးအကြောင်းတွေကို သေချာဖုံးပေးနိုင်ပြီး apply လုပ်ရတာလည်း လွယ်ကူပါတယ်။ Long lasting ဖြစ်တာကြောင့် အဆီအရမ်းပြန်တဲ့ အသားအရေအတွက်တော့ အဆင်အပြေဆုံးပါပဲ။