ဒီအချိန်မှာ ခရီးမသွားနိုင်ခဲ့ရင်တောင် ခရီးသွားတဲ့ ဇာတ်ကားတွေတွေကို ကြည့်ရင်းနဲ့ အာသာဖြေနိုင်တာက ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ခရီးသွားတဲ့ ဇာတ်လမ်းတွေ၊ ကိုယ့်ကို ဇာတ်ကား ကြည့်ရုံနဲ့ နေရာမျိုးစုံခေါ်သွားတဲ့ ဇာတ်လမ်းတွေက ကြည့်ရကျိုးနပ်တဲ့ ဇာတ်လမ်းတွေလို့ ဆိုနိုင်ပါတယ်။ ကိုယ့်ကို တစ်ချိန်ချိန် ဘယ်သွားရမလဲဆိုတဲ့ စိတ်ကူးတွေကိုပါ ထည့်ပေးနိုင်ပါတယ်။ သင်က ခရီးသွားရတာကို နှစ်သက်သူဆိုရင်တော့ ဒီရုပ်ရှင်ဇာတ်လမ်းကောင်းတွေက သင့်ကို စိတ်အပန်းပြေမှု ပေးစွမ်းနိုင်မှာပါ။

Wild (2014)

Cheryl Strayed ဆိုတဲ့ အမျိုးသမီးက ပူပူနွေးနွေး ကွာရှင်းထားသူ တစ်ဦး ဖြစ်ပြီး မိုင်ပေါင်း ၁၁၀၀ ရှည်လျားတဲ့ Pacific Crest တောင်လမ်းကို ခြေလျင်ခရီးလျှောက်တဲ့ ဖြစ်စဉ်ကို မြင်တွေ့ရမှာပါ။

The Secret Life of Walter Mitty (2013)

ငြီးငွေ့ဖွယ်ကောင်းတဲ့ ဘဝကြီးကို ဖြတ်သန်းနေရတဲ့ Walter Mitty က စိတ်လှုပ်ရှားစရာ တွေနဲ့ ပြည့်နေတဲ့ မြင်ကွင်းတွေကို အိပ်မက် မက်နေခဲ့သူပါ။ သူ့ရဲ့ အလုပ်က အဆင်မပြေတဲ့အချိန်မှာတော့ တကယ့်အပြင်မှာလည်း သူ စချင်တဲ့ ခရီးစဉ်ကို စတင်ပါတော့တယ်။

The Way (2010)

ဖခင်တစ်ဦးဟာ ခရီးသွားရင်း သေဆုံးသွားခဲ့တဲ့ သားဖြစ်သူရဲ့ အမှတ်တရတွေကို စုဆောင်းဖို့အတွက် ခရီးထွက်ခဲ့ပါတယ်။ ခရီးလမ်းမှာ မိတ်ဆွေသစ်တွေနဲ့ တွေ့ကာ ဘဝရဲ့ အဓိပ္ပာယ်ကိုပါ ရှာတွေ့ခဲ့တဲ့အကြောင်း ကြည့်ရှုရမှာပါ။

In Bruges (2008)

ကြေးစား လူသတ်သမား နှစ်ဦးဖြစ်တဲ့ Ray နဲ့ Ken က Mission မအောင်မြင်ခဲ့တာကြောင့် Bruges, Belgium မှာ ပိတ်မိနေခဲ့ကြပါတယ်။ ဒါပေမဲ့ တကယ့်ပြဿနာစတာက သူတို့ရဲ့ သူဌေးက Ken ကို ခိုင်းစေတဲ့ တာဝန်ကြောင့်ပါ။ ဒီတာဝန်က Ray ကို သတ်ပစ်ဖို့ပါ။

Eat Pray Love (2010)

ခရီးသွားရတာကို နှစ်ခြိုက်တဲ့ Elizabeth Gilbert ဆိုတဲ့ အမျိုးသမီးက အိမ်ထောင်ကျပြီး ဘဝအတည်ကျပြီ ထင်ခဲ့ပေမယ့် ဒီအရာက သူမ လိုချင်တဲ့ အရာမဟုတ်ကြောင်း သိလာခဲ့ပါတယ်။ ဒါကြောင့် သူမ ကိုယ်သူမ သိဖို့ ကွာရှင်းကာ ခရီးထွက်ခဲ့ပါတယ်။

Lost in Translation (2003)

အမေရိကန် မင်းသား တစ်ဦးဖြစ်တဲ့ Bob က တိုကျိုမှာ ကြော်ငြာရုပ်ရှင်အတွက် နေရင်းနဲ့ Charlotte ဆိုတဲ့ အမျိုးသမီးနဲ့ ဆုံခဲ့ပါတယ်။ ဒီအမျိုးသမီးက ဓာတ်ပုံဆရာ ဖြစ်သူ ခင်ပွန်းဆီမှာ ထားခဲ့ခံရသူပါ။ သူတို့ နှစ်ဦးရဲ့ ဆက်သွယ်မှုကို ဇာတ်ကားထဲ မြင်တွေ့ရမှာပါ။

Midnight in Paris (2011)

ဒီဇာတ်လမ်းထဲမှာတော့ Paris မြို့ရဲ့ အလှကို တစ်ဝကြီး ကြည့်ရမှာပါ။

The Darjeeling Limited (2007)

ညီအကို သုံးယောက်ဟာ ဖခင်ဖြစ်သူ သေဆုံးပြီးနောက် အိန္ဒိယမှာ Train Journey စတင်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ သူတို့ကြားက ပျောက်ဆုံးနေတဲ့ သံယောဇဉ်ကို ပြန်ရှာတွေ့ဖို့ ရည်ရွယ်ချက်နဲ့ပါ။ သူတို့ရလာတဲ့ အတွေ့အကြုံတွေက သူတို့အကြောင်းကို သူတို့ ပိုသိစေခဲ့ပါတယ်။

Under the Tuscan Sun (2003)

ဆန်ဖရန်စစ္စကို စာရေးဆရာ တစ်ယောက်ဖြစ်တဲ့ Frances Mayes ဟာ ကွာရှင်းပြီးနောက် စိတ်ဓာတ်ကျမှုနဲ့ စာရေးလို့ မရခြင်းကို ကြုံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ သူမ ဘဝကို သူမ ပြောင်းလဲဖို့ Tuscany မှာ အိမ်ဝယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar