အကြောင်းမျိုးမျိုး မတွေ့ရတဲ့ RS တွေ၊ အနေဝေးနေတဲ့ RS တွေအတွက် အပြင်မှာမတွေ့ရလည်း အနေနီးသလို ခံစားမှုမျိုးရစေမယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ ပုံမှန်လုပ်နေကျအရာတွေကိုပဲ နည်းနည်းလောက်ပိုပြီး လုပ်ပေးလိုက်ရင် မတွေ့ရလည်း သွေးအေးမသွားပဲ ပျော်ရွှင်ရမှာပါ။

ဖုန်းအမြဲပြောပါ

အပြင်မှာမတွေ့ရတဲ့အချိန်မှာ ဖုန်းအမြဲပြောပါ။ နေ့တိုင်း တစ်နေ့ ၂ ကြိမ်လောက်တော့ အနည်းဆုံး ဖုန်းပြောပေးပါ။ ညအိပ်ခါနီးတိုင်း ဖုန်းပြောပါ။

နေ့တိုင်း Video Call ပြောပါ

တစ်နေ့တစ်ကြိမ်တော့ Video Call နေ့တိုင်းပြောပါ။ အပြင်မှာမတွေ့ရရင် Video Call ပြောပေးတာက ပိုပြီး အဆင်ပြေစေတယ်။ အနေဝေးပြီး သွေးအေးသွားတယ်ဆိုတာမျိုးလည်း မဖြစ်တော့ဘူးပေါ့။

တစ်နေ့တာအကြောင်းအရာတွေပြောပါ

မတွေ့ရတာကြာလည်း အမြဲရင်းနှီးမှုရှိပြီး သွေးအေးမသွားစေဖို့ စိတ်ပျော်ရွှင်ရစေဖို့ ဖုန်းပြောတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် တစ်နေ့တာ ကိုယ်လုပ်သမျှ၊ ဖြစ်သမျှ ပြောသင့်တာတွေကို ပြောပြပါ။

ကြင်နာပါ

အပြင်မှာမတွေ့ရလည်း ဖုန်းနဲ့၊ စကားနဲ့ ဂရုစိုက်ပြီး ကြင်နာပြလို့ရပါတယ်။ ဒီလိုအမြဲဂရုစိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် ကြင်နာနေမှ အမြဲတမ်း စိတ်ချမ်းသာပြီး ပျော်ရွှင်ရမှာပါ။ တစ်ယောက်မကြိုက်တာလည်း တစ်ယောက်က မလုပ်ပဲနေပါ။ အရေးကြီးတာကတော့ မလိမ်ညာဖို့နဲ့ မဖောက်ပြန်မိဖို့ပါပဲ။

photo source: www.freepik.com