အခုနောက်ပိုင်းမှာ Skin Care ပစ္စည်းတွေတော်တော်များများက အလှပြင်ပစ္စည်းဈေးကွက်မှာ နေရာတော်တော်ယူလာပါတယ်။ အရည်အသွေးပေါ်မူတည်ပြီး ဈေးနှုန်းကလည်း အမျိုးမျိုးရှိတာကြောင့် တတ်နိုင်တဲ့သူတွေပဲ သုံးနိုင်မှာပေါ့။ သဘာဝပစ္စည်းတွေက ဆိုးကျိုးနည်းပြီးထိရောက်မှုရှိတယ်ဆိုတာကိုတော့ အားလုံးကလက်ခံထားပြီးသားပါ။ ဒီတစ်ခါမှာလည်း အသားအရေကိုကြည်လင်ပြီးလှပလာစေဖို့အတွက်ဆိုရင် Skin Care တွေသုံးနေစရာမလိုပဲ ပြင်ဆင်လို့ရမယ့်နည်းလမ်းတွေကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။

သန့်ရှင်းရေး

အသားအရေလှပဖို့အတွက် သန့်ရှင်းမှုကလည်း လိုကိုလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သန့်ရှင်းမှုမရှိနေရင် မျက်နှာပေါ်က ဘက်တီးရီးယားတွေက ဝက်ခြံဖြစ်စေအောင်ဖန်တီးပေးပြီး အသားအရေကိုလည်းတဖြည်းဖြည်းပျက်စီးလာစေနိုင်ပါတယ်။ ဒါကြောင့် မိတ်ကပ်တွေလိမ်းလိမ်း၊ မလိမ်းလိမ်း ညဘက်အိပ်ခါနီးအချိန်မှာ ကောင်းမွန်ပြီးအသားအရေနဲ့ ကိုက်ညီမှုရှိတဲ့မျက်နှာသစ်ဆေးနဲ့ သေချာပွတ်ပြီး သန့်စင်ပေးဖို့လိုပါတယ်။

Moisturizer

မျက်နှာသစ်ပြီးသွားတဲ့အခါမှာ မျက်နှာအသားအရေရေဓာတ်နဲ့ အဆီတွေကိုဖယ်ရှားလိုက်တာကြောင့် အသားအရေခြောက်သွေ့လာတတ်ပါတယ်။ ဒီလိုအချိန်မှာ Moisturizer ကိုပုံမှန်လိမ်းပေးဖို့လိုအပ်ပြီး ထိန်းသိမ်းနိုင်မှအသားအရေခြောက်သွေ့ပြီး ကြမ်းတမ်းတာမျိုးတွေ မဖြစ်လာစေမှာပေါ့။

ရှောက်သီး

ရှောက်သီးကတော့ အသားအရေကိုကြည်လင်ပြီး အပြစ်အနာဆာတွေကင်းဝေးစေဖို့ ကူညီနိုင်တဲ့အရာပဲဖြစ်ပါတယ်။ ဗီတာမင်စီဓာတ်တွေ များစွာပါဝင်နေတာကြောင့် အသားအရေမှာရှိနေတဲ့ အမဲစက်နဲ့ အမာရွတ်တွေကိုလျော့နည်းစေဖို့ အထောက်အကူဖြစ်စေမှာပါ။

လတ်ဆတ်တဲ့ရှောက်သီးအရည်တွေကို မျက်နှာပေါ်မှာလိမ်းထားပေးပြီး ၁၀ မိနစ်လောက်ထားထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ မျက်နှာပြန်သစ်ပေးရမှာပဲဖြစ်ပါတယ်။ တစ်ရက်ခြားတစ်ခါလုပ်ပေးလို့လည်း ရပါတယ်နော်။

အုန်းဆီ

အုန်းဆီမှာအသားအရေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ အာဟာရဓာတ်တွေများစွာပါရှိနေတာကြောင့် မျက်နှာအသားအရေကို ကြည်ကြည်လင်လင်လေးနဲ့ လှပချင်တဲ့သူတွေအတွက်တော့ အထောက်အကူဖြစ်စေမှာအသေချာပါပဲ။ အုန်းဆီကိုနွေးရုံလောက်အပူပေးပြီး သန့်စင်ထားပြီးတဲ့ မျက်နှာအသားအရေပေါ်မှာ နှံ့စပ်အောင်လိမ်းထားပေးပြီး ၁၀ မိနစ်လောက်ထားထားလိုက်ပါ။

ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ပဲ မျက်နှာပြန်သစ်ပေးလိုက်မယ်ဆိုရင် မျက်နှာအရေပြားမှာလိုအပ်နေတဲ့ ရေဓာတ်ကိုလည်း ဖြည့်တင်းပြီးသားဖြစ်သွားစေမှာပါ။ နေ့တိုင်းပုံမှန်လုပ်ပေးရင်လည်း ဆိုးကျိုးမရှိစေတဲ့နည်းလမ်းလေးပါနော်။

ရေများများသောက်ပေးပါ

ခန္ဓာကိုယ်ထဲမှာရှိနေတဲ့မလိုအပ်တဲ့ အဆိပ်အတောက်တွေကိုပြေစေဖို့အတွက် ရေများများသောက်ပေးဖို့တော့ လိုအပ်ပါတယ်နော်။ ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေများနေရင် အသားအရေကိုလည်း မွဲခြောက်ပြီး လှပတဲ့အသားအရေမျိုးကို မရရှိနိုင်ဘူးပေါ့။ ဒါကြောင့်နေ့တိုင်းရေများများ သောက်ပေးနေမယ်ဆိုရင်တော့ အသားအရေကို နဂိုကထက်ပိုပြီးတော့ ကြည်လင်လာစေမှာပါ။

Photo Source: Unsplash