မင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆံကေသာခြောက်သွေ့ ကြမ်းတမ်းသူတွေ၊ ဆံပင်ခဏခဏ ရှုပ်တတ်လို့ ဆံပင်ကို တစ်ခုခုလုပ်ရတာ အဆင်မပြေတဲ့သူတွေအတွက် နည်းလမ်းကောင်းကို မျှဝေပေးချင်ပါတယ်။

ဆံကေသာကို ကျန်းမာသန်စွမ်း တောက်ပြောင်စေမယ့် နည်းလမ်းကောင်းဖြစ်ပါတယ်နော်။

၁။ ဆံံကေသာကို အစိုဓာတ်ဖြည့်တင်းပါ

ဆံကေသာ ကြမ်းတမ်းနေရင် ဆံပင်ကို ပုံအမျိုးမျိုးလုပ်ရတာခက်ပါတယ်နော်။ ဒါ့ကြောင့် ဆံပင်ကို အစိုဓာတ်ဖြည့်တင်းဖို့လိုပါတယ်။ အဲဒီလို အစိုဓာတ်ဖြည့်တင်းဖို့ Serum သုံးနိုင်ပါတယ်။ ဒါ့အပြင် ခေါင်းလျှော်တဲ့အခါ ပေါင်းဆေးသုံးပြီး လျှော်ပြီးရင် အဆီတမျိုးမျိုးလမ်းပေးထားလိုက်ပါ။

၂။ ဆံပင်ကို ပုံမှန်အဆီလိမ်းပေးပါ

ဆံကေသာ ခြောက်သွေ့ကြမ်းတမ်းနေသူတွေအတွက် ဆံပင်ကို ခေါင်းမလျှော်ခင် အုန်းဆီ (သို့) သံလွင်ဆီပူနွေးနွေးလေးနဲ့ ၁ နာရီ နာရီဝက်လောက် လိမ်းပေးလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ပြီး ပေါင်းဆေးထည့်ပါ။

၃။ ခေါင်းကို ဒီလိုလျှော်ပါ

အရင်ဆုံး ခေါင်းမလျှော်ခင် အဆီတမျိုးမျိုးလိမ်းပေးပြီး ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။ ပြီးသွားရင် ပေါင်းဆေးသုံးပေးပြီး ၁၅ မိနစ်လော်ကထားပါ။ ပြီးသွားရင် ဘီးကြဲကြဲနဲ့ ဆံပင်အဖျားနားကို ခပ်ဖွဖွလေးဖြီးပေးလိုက်ပါ။ အဲဒီနောက် ရေဆေးချပေးလိုက်ပါ။

၄။ အရောင်ဆိုးခြင်းနဲ့ ဆံပင်အပူပေးခြင်းရှောင်ပါ

ဆံပင်ကိုဆေးခဏခဏ ဆိုးခြင်း၊ ဆံပင်အပူပေးစက်နဲ့ ဆံပင်ကို ပုံသွင်းခြင်းရှောင်ပါ။ တတ်နိုင်သလောက် သဘာဝအတိုင်းပဲနေပါ။

၅။ ဆံပင်ကိုခပ်ပြေပြေလေးစည်းပြီး အိပ်ယာဝင်ပါ

ညအိပ်ယာဝင်တဲ့အခါ ခေါင်းဖြီးလိုက်ပြီး ဆံပင် ခပ်ပြေပြေလေးစည်းကာ အိပ်ယာဝင်လိုက်ပါ။ ဆံပင်ချပြီးမအိပ်ပါနဲ့။ မနက်ကျရင် ဆံပင်ပိုပြီး ရှုပ်ထွေးတတ်ပါတယ်။