မင်္ဂလာပါနော်။ မိတ်ကပ်လိမ်းဖို့ အချိန်သိပ်မပေးနိုင်တဲ့သူတွေ၊ နေ့တိုင်းနီးပါးမိတ်ကပ်ပြင်နေရတဲ့သူတွေ အတွက်တော့ တစ်မျိုးထဲလိမ်းရုံနဲ့ ပြည့်စုံတဲ့ Cushion Foundation တွေက ကွက်တိပါပဲ။ Foundation မလိမ်းတော့ဘဲ Cushion လေးပဲ တန်းလိမ်းလိုက်တာက ထသွားထလာ အချိန်သက်သာသလို မိတ်ကပ်သားသိပ်သိပ်လေးနဲ့ ကြည့်ကောင်းစေမှာပါ။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ Cushion ကောင်းကောင်းလေးသုံးချင်တဲ့ ပျိုမေတို့အတွက် အရည်အသွေးကောင်းပြီး လူသုံးများတဲ့ ကိုးရီးယား Cushion လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဈေးလည်းသင့်သလို ကိုးရီးယားဖြစ် Skincare ပစ္စည်း သုံးတတ်တဲ့သူတွေအတွက် အဆင်ပြေစေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်။

MISSHA Magic Cushion Cover Lasting

အရောင်နှစ်မျိုးလာတဲ့ MISSHA ရဲ့ ဒီ Cushion လေးက ဈေးသက်သာပြီး လူသုံးများတဲ့ပစ္စည်းဖြစ်ပါတယ်။ အသားအရေကို အစိုဓာတ်ကောင်းကောင်းပေးနိုင်ပြီး အသားထဲစိမ့်ဝင်လွယ်တဲ့ အာနိသင်ရှိတဲ့အပြင် SPF ပါဝင်တာကြောင့် နေလောင်ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။ Long Lasting လည်းဖြစ်တာမို့ လိမ်းထားပြီးနောက် တစ်နေကုန်နီးပါး အသားအရေလေး နူးညံ့ကာ တင်းတင်းရင်းရင်းဖြစ်စေမှာပါ။

MOONSHOT Micro Setting Fit Cushion

ဒီ Cushion လေးက လိမ်းထားမှန်းမသိအောင် Light Weight ဖြစ်တာမို့ နေ့စဉ်သုံးအတွက် အရမ်းသင့်တော်ပါတယ်။ အဆီပြန်သက်သာပြီး မိတ်ကပ်သားသိပ်သိပ်လေး ရစေတာကြောင့် Oily Skin ရှိသူတွေနဲ့အတွက်လည်း အဆင်ပြေမှာပါ။

Innisfree No-Sebum Powder Cushion

ဘူးသေးသေးလေးနဲ့ အိတ်ထဲဆောင်ရလွယ်တဲ့ Innisfree Cushion က High Coverage ဖြစ်ပြီး အသားအိအိလေးဖြစ်စေပါတယ်။ Oil Free ဖြစ်ပြီး အဆီပြန်တာကို ထိန်းပေးတာမို့ မျက်နှာ T Zone အဆီပြန်တတ်သူတွေ၊ Oily Skin သမားတွေအတွက် အဆင်ပြေပါတယ်။

IOPE Air Cushion Foundation

ဒီလူကြိုက်များတဲ့ IOPE Air Cushion လေးက လိမ်းထားပြီးနောက် ကြာရှည်ခံသလို လိမ်းထားမှန်း သိပ်မသိသာတဲ့ Natural Look လေးကိုရစေပါတယ်။ SPF ပါဝင်မှုလည်းများတာကြောင့် အသားအရေ အရေးအကြောင်းမပေါ်အောင်ကာကွယ်ပေးမှာပါ။ လိမ်းထားပြီးနောက် စိုစိုပြောင်ပြောင်လေးဖြစ်စေတာမို့ Dry Skin ရှိသူတွေအတွက် သင့်တော်တဲ့ Cushion လေးဖြစ်ပါတယ်။

Laneige Neo Cushion Matte

Laneige Neo Cushion မှာ Matte နဲ့ Glow နှစ်မျိုးရှိပြီး Matte အမျိုးအစားလေးက လိမ်းထားပြီးနောက် တော်ရုံနဲ့မပျက်ဘဲ အချိန်အကြာကြီးခံတာမို့ ပူတဲ့ရာသီနဲ့ ချွေးထွက်တတ်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။ High Coverage ဖြစ်တာမို့ အပြစ်အနာအဆာတွေဖုံးပြီး တစ်နေကုန် မျက်နှာကြည်ကြည်လေးရစေမှာပါ။

Lancome Teint Idole Ultra Wear Cushion

အသားအရေအစိုဓာတ်ရစေပြီး SPF 50 အထိပါဝင်တဲ့ Lancome Cushion လေးက Oil Free ဖြစ်တာမို့ Sensitive ဖြစ်တတ်တဲ့ အသားအရေအပါအဝင် Skin Type တော်တော်များများနဲ့ အဆင်ပြေပါတယ်။ နည်းနည်းလေးဖြည့်လိမ်းပေးရုံနဲ့ မိတ်ကပ်သားညက်ညက်လေးနဲ့ လှနေစေမယ့် Cushion လေးဆိုရင်လည်း မမှားပါဘူး။

Photo Source: Pinterest

By MyStyle Myanmar