အကောင်းဆုံးတက်တူးတွေဟာ သင့်ကိုယ်ခန္ဓာဆိုတဲ့ ကင်းဗတ်စပေါ်က အလှဆုံးပန်းချီကားတွေပါပဲ။ လူတစ်ယောက်အတွက် တက်တူးဆိုတာ သူ့အဓိပ္ပါယ်နဲ့သူ ရှိပြီးသား အနုပညာဖြစ်ပါတယ်။

အရေပြားပေါ်မှာ ထိုးမယ့် အလှတရားဖြစ်လို့ မထိုးခင် သေချာစဉ်းစားဖို့နဲ့ ထိုးမယ့် တက်တူးအိုင်ဒီယာကို အကောင်းဆုံးရွေးချယ်ဖို့လည်း လိုပါတယ်။ ဒါကြောင့်ပဲ လောလောဆယ် ခေတ်စားနေတဲ့ တက်တူးအိုင်ဒီယာတွေကို လက်ဆင့်ကမ်းလိုက်ရပါတယ်။

(၁) Small Tattoo

ပထမဆုံးအကြိမ် တက်တူးထိုးမယ်ဆိုရင် တက်တူးအသေးစားလေးတွေ ထိုးကြည့်ဖို့ အကြံပေးချင်ပါတယ်။ Small Tattoo တွေက အလွယ်တကူ အင်္ကျီလက်နဲ့ ဖုံးထားလို့ လွယ်သလို အခုမှ စပြီး တက်တူးထိုးမယ့်သူတွေအတွက် နောက်လာမယ့် တက်တူးအကြီးစားတွေ ထိုးဖို့ အကောင်းဆုံးမိတ်ဆက်မှုလည်း ဖြစ်စေလို့ပါ။

(၂) Linework

ရိုးရှင်းတဲ့ တက်တူးတွေက တစ်ခါတစ်လေမှာ အကောင်းဆုံးတက်တူးတွေပါပဲ။ Linework တက်တူးကလည်း ရိုးရိုးရှင်းရှင်း ဒီဇိုင်းကြိုက်သူတွေ ရွေးသင့်တဲ့ အိုင်ဒီယာတစ်ခုဖြစ်ပါတယ်။ Linework ထိုးမယ်ဆိုရင် လက်ကောက်ဝတ် ၊ လက်ခုံ နဲ့ လက်ဖျံနားတွေ ထိုးလေ့ရှိပါတယ်။

(၃) တိရစ္ဆာန်ပုံ

လူတွေမှာ ကိုယ်နှစ်သက်သဘောကျတဲ့ တိရစ္ဆာန် Icon တွေ ရှိပါတယ်။ ရဲရင့်မှု ၊ ခေါင်းဆောင်နိုင်စွမ်းနဲ့ မြင့်မြတ်ခြင်းအတွက် ခြင်္သေ့ ၊ သစ္စာရှိမှု စောင့်ရှောက်ခြင်းနဲ့ ဗီဇစိတ်အားကောင်းမှုအတွက် ဝံပုလွေ ၊ မှော်ဆန်မှုနဲ့ လျှို့ဝှက်ချက်တွေ ညွှန်းဆိုတဲ့ ဇီးကွက်ပုံ ၊ ဒဏ္ဍာရီငှက် ဖီးနစ် ၊ နဂါး စတဲ့ သင်္ကေတဆန်တဲ့ သတ္တဝါပုံ တက်တူးတွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။

(၄) Lettering Tattoo

တင်စားတဲ့ ဥပစာစကားတွေ ၊ အဓိပ္ပါယ်ရှိတဲ့ အလင်္ကာဆန်ဆန် စာသားတွေကို ခန္ဓာကိုယ်ပေါ်မှာ ရေးထိုးချင်သူတွေအတွက်တော့ Lettering Tattoo မျိုး ရွေးချယ်သင့်ပါတယ်။ Lettering Tattoo ထိုးမယ်ဆိုရင် စာသားနဲ့ Style ကို သေချာရွေးဖို့လည်း သတိပေးချင်ပါတယ်။