Sunscreen ဆိုတာ အသက်အရွယ်မရွေးပုံမှန်လိမ်းဖို့လိုအပ်တဲ့ Skincare အဆင့်တစ်ခုပါနော်။ အခုခေတ်မှာ Sunscreen တွေက ရွေးချယ်စရာများလာပြီမို့ ကိုယ့်အသားအရေနဲ့ တကယ်တမ်းအဆင်ပြေပြီး ထိရောက်တဲ့ ပစ္စည်းကိုရှာရတာ ထင်သလောက် မလွယ်တော့ပါဘူး။ ကိုယ့်အသားအရေ Type ပေါ်မူတည်ပြီး ရွေးချယ်တတ်ဖို့လိုတာမို့ ဒီတစ်ခေါက်မှာ အသားအရေ အမျိုးအစားအလိုက် သုံးသင့်တဲ့ Sunscreen တွအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ တစ်မျိုးပြောင်းသုံးဖို့စဉ်းစားနေတဲ့သူပဲဖြစ်ဖြစ် အခုမှစသုံးမယ့်သူပဲဖြစ်ဖြစ် Sunscreen ရွေးတဲ့အခါ လွယ်ကူသွားစေမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်ပါ။

Dry Skin အတွက်


အသားခြောက်တဲ့သူတွေက အရေးအကြောင်းထွက်ဖို့လွယ်တာမို့ Sunscreen ကိုအဓိကလိုအပ်ပါတယ်။ SPF ပါဝင်မှု ၅၀ အထက်ရှိပြီး ဗီတာမင်ဓာတ်တွေပါဝင်တဲ့ Sunscreen မျိုးကိုရွေးချယ်ပေးပါ။ လိမ်းပြီးတဲ့နောက် အသားခြောက်ပြီး အဖြူကွက်တွေဖြစ်မနေအောင် အစိုဓာတ်များပြီး အသားရောင်ညှိပေးနိုင်မယ့် ပေ့ါပေါ့ပါးပါး Sunscreen မျိုးဖြစ်ဖို့လိုပါတယ်။

Oily Skin အတွက်


Oliy Skin ရှိသူတွေက လိမ်းပြီးတဲ့နောက်အဆီမထွက်အောင်ထိန်းပေးနိုင်မယ့် Sunscreen မျိုး သုံးဖို့လိုပါတယ်။ အဆီမပြန်စေဘဲ ပါးပါးသိပ်သိပ်လေးဖြစ်မယ့်ပစ္စည်းမျိုး ရွေးချယ်ပေးပါ။ Niacinamide ၊ Green Tea နဲ့ Chamomile တို့လို သဘာဝအာနိသင်တွေပါတဲ့ Sunscreen တွေက အဆီပြန်သူတွေနဲ့တည့်ပါတယ်။

Combination Skin အတွက်


Combination Skin သမားတွေက အဆီလည်းပြန်သလို အသားလည်းခြောက်တတ်တာမို့ အခြား Skin Type တွေထက် သတိထားပြီးရွေးရပါတယ်။ အစိုဓာတ်လည်းဖြည့်ပေးပြီး အသားအရေ Sensitive ဖြစ်တာကိုပါ သက်သာစေမယ့် Hyaluronic Acid နဲ့ Niacinamide ဓာတ်တွေပါတဲ့ Sunscreen တွေသုံးသင့်ပါတယ်။

Sensitive ဖြစ်တဲ့ အသားအရေအတွက်


သင်က Sensitive ဖြစ်တတ်တဲ့သူဆိုရင် Sunscreen ကို အတတ်နိုင်ဆုံး အာနိသင်ပျော့တာတွေ ရွေးချယ်ပေးပါ။ အနံ့လုံးဝမပါဘဲ Noncomedogenic ဖြစ်တဲ့ Sunscreen မျိုးလိုပါတယ်။

ဝက်ခြံထွက်လွယ်တဲ့ အသားအရေအတွက်


ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်လွယ်တတ်တဲ့သူတွေက Sunscreen အတွက် အစိုဓာတ်များပြီး ပေါ့ပေါ့ပါးပါးနဲ့ စိမ့်ဝင်လွယ်တဲ့ Gel အမျိုးအစားလေးတွေ ရွေးချယ်သင့်ပါတယ်။

သာမာန်အသားအရေအတွက်


အဆီလည်းမပြန်သလို အသားလည်းသိပ်မခြောက်တဲ့ ပုံမှန်အသားအရေမျိုးရှိတဲ့သူတွေမှာလည်း Sunscreen လိမ်းဖို့တော့ လိုတာမို့ ဒီလို အသားအရေမျိုးရှိသူတွေက ပေါ့ပေါ့ပါးပါးနဲ့ All Skin Type သုံးလို့ရတဲ့ ပစ္စည်းလေးတွေ ရွေးချယ်ပေးပါ။

Photo Source: Pinterest

By MyStyle Myanmar