ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် ဘယ်အချိန်ပဲဖြစ်ဖြစ် ကြည့်လိုက်တာနဲ့ စတိုင်လ်ကျပြီးလှနေစေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။

ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်လေးပေါ်ချင်ရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ သဘာဝဆန်ပြီး စတိုင်လ်ကျကျနဲ့ ချစ်ဖို့ကောင်းပါတယ်။

မျက်မှန်လေးနဲ့ဓာတ်ပုံရိုက်ရင် အထာကျပြီး အရမ်းမိုက်ပါတယ်။ ဒါကြောင့် မျက်မှန်နဲ့ရိုက်မယ်ဆိုရင် ဒီလိုပို့စ်လေးလုပ်ကြည့်ပါ။

ခါးသေးသေးနဲ့ကောင်မလေးတွေဆိုရင် Crop Top လေးတွေဝတ်ထားရင် ဒီလိုလေးပို့စ်ပေးကြည့်ပါ။ စတိုင်လ်ကျပြီး အရမ်းမိုက်ပါတယ်။

ကားနောက်ဖုံးဖွင့်ပြီး ဒီလိုလေးထိုင်ရိုက်ရင်လည်း စတိုင်လ်ကျပြီး မိုက်ပါတယ်။ ဒီလိုရိုက်မယ်ဆိုရင်တော့ ထိုင်တဲ့အချိန်မှာ သေချာလေးပို့စ်ပေးပါ။

ဆိုဖာမှာထိုင်နေချိန် ဓာတ်ပုံရိုက်မယ်ဆိုရင် ဒီလိုလေးထိုင်ပြီး ဖုန်းသုံးနေတဲ့ပုံလေး ပို့စ်ပေးကြည့်ပါ။ အချေပို့စ်လေးနဲ့ အထာကျပြီးမိုက်ပါတယ်။

ကော်ဖီဆိုင်မှာ ကော်ဖီခွက်လေးကိုင်ပြီး ရိုက်မယ်ဆိုရင် မေးထောက်တဲ့ပို့စ်တွေက ရိုးနေပါပြီ။ ကော်ဖီခွက်ကိုကိုင်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ရိုက်တဲ့သူကလည်း အပေါ်စီးကနေ သေချာလေးရိုက်ပေးမယ်ဆိုရင်တော့ ပုံကောင်းတစ်ပုံထွက်လာမှာပါ။

ကော်ဖီဆိုင်မှာ ကော်ဖီခွက်လေးကိုင်ပြီး ရိုက်မယ်ဆိုရင် မေးထောက်တဲ့ပို့စ်တွေက ရိုးနေပါပြီ။ ကော်ဖီခွက်ကိုကိုင်ပြီး ဒီလိုလေးပို့စ်ပေးကြည့်ပါ။ ရိုက်တဲ့သူကလည်း အပေါ်စီးကနေ သေချာလေးရိုက်ပေးမယ်ဆိုရင်တော့ ပုံကောင်းတစ်ပုံထွက်လာမှာပါ။

ဘောင်းဘီရှည်ဝတ်ထားရင် ခုံမှာဒီလိုလေးတွေထိုင်ပြီး ပို့စ်ပေးကြည့်ပါ။ အထာကျပြီး အရမ်းမိုက်ပါတယ်။ ဒီလိုပို့စ်လေးတွေလုပ်ရင် မျက်နှာထားက ခပ်တည်တည်နေရင် ပိုမိုက်ပါတယ်။

ဒီပို့စ်လေးဆိုရင် ကိုရီးယားမလေးတွေရိုက်နေကျ ပို့စ်လေးပါ။ အရမ်းချစ်ဖို့ကောင်းပါတယ်။ လက်ထဲမှာ အအေးဘူး (သို့) bubble tea ဘူးလေးရှိနေပြီဆိုရင် ဒီလိုလေးသာ ပို့စ်ပေးရိုက်လိုက်ပါ။

ထိုင်ပြီး ဒီလိုလေးပို့စ်ပေးရိုက်တာလည်း စတိုင်လ်လည်းကျပြီး ချစ်ဖို့ကောင်းတဲ့ပုံစံလေး ဖြစ်စေပါတယ်။

photo source:www.pinterest.com