အသက် ၂၅ နှစ်ကျော်တဲ့ မိန်းကလေးတွေအတွက် စတိုင်လ်ကျပြီး မိမိုက်နေစေမယ့် ဖက်ရှင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အမြင်လည်းမရိုင်းပဲ စတိုင်လ်ကျနေတာမျိုးဖြစ်တဲ့အတွက် မိန်းကလေးတိုင်း သဘောကျနှစ်သက်မှာ သေချာပါတယ်။

ဒီဖက်ရှင်လေးဆိုရင် ဂျင်းအရောင်နုတာလေးကို ရိုးရိုးတီရှပ်အဖြူလေးနဲ့တွဲဝတ်ပြီး အပေါ်ကနေ ရှပ်အင်္ကျီလှလှလေး ထပ်ဝတ်ထားလို့ ရိုးရိုးလေးနဲ့ စတိုင်လ်ကျနေစေပါတယ်။ ဒီလိုဖက်ရှင်မျိုးကိုဝတ်ရင် တော်တော်များများက sneakers လေးတွေစီးတာမို့ ဒေါက်ဖိနပ်လေးပြောင်းစီးကြည့်ပါ။ ပိုပြီးစတိုင်လ်ကျစေပါတယ်။

Sneakers လေးပဲစီးချင်တာဆိုရင် ကြိုးတစ်လုံးနဲ့ ဂျင်းဘောင်းဘီလေးကိုတွဲဝတ်ပြီး အပေါ်ကနေ ရှပ်အင်္ကျီလေးထပ်ဝတ်ပါ။ ပြီးရင် ပုံထဲမှာကိုင်ထားသလိုအိတ်မျိုးလေးကို ရွေးပါ။ ဒီအိတ်လေးတွေက ၂၀၂၁ မှာ အရမ်းခေတ်စားလာတဲ့ အိတ်လေးတွေဖြစ်လို့ ဖက်ရှင်ကျစေပါတယ်။

ဒီဖက်ရှင်လေးဆိုရင် ရှပ်အင်္ကျီအပွကြီးကို ဂျင်းဘောင်းဘီနဲ့တွဲဖက်ဝတ်ဆင်ထားပြီး ဒေါက်ဖိနပ်လေးစီးထားတာမို့ စတိုင်လ်ကျပြီး မိုက်နေစေပါတယ်။ လွယ်ထားတဲ့အိတ်လေးဆိုရင်လည်း ၂၀၂၁ မှာ အရမ်းခေတ်စားနေတဲ့အိတ်လေးဖြစ်လို့ ပိုပြီးဖက်ရှင်ကျစေပါတယ်။

ဒီဖက်ရှင်လေးဆိုရင် အရမ်းကိုစမတ်ကျပြီး လှပါတယ်။ အသားရောင်ဂျင်းလေးကို ရှပ်အင်္ကျီအကွက်လေးနဲ့ တွဲဝတ်ထားပြီး ဒေါက်ဖိနပ်လေးစီး၊ အိတ်ကိုလည်းမလွယ်ပဲ လက်ကနေကိုင်ထားတာမို့ အသက် ၂၅ နှစ်ကျော် မိန်းကလေးတိုင်းနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။

Bell pant ဂျင်းဘောင်းဘီအရှည်လေးတွေ ဝတ်မယ်ဆိုရင် ကြိုးတစ်လုံးလေးတွေနဲ့တွဲဝတ်ပြီး အပေါ်ကနေ Long shirt တွေ၊ Long coat တွေထပ်ဝတ်တာမျိုးက စတိုင်လ်ကျပြီးမိုက်နေစေပါတယ်။

ဒီလိုမျိုးဂျင်းအပွလေးတွေဝတ်မယ်ဆိုရင်တော့ ကြိုးတစ်လုံးအင်္ကျီလေးတွေ၊ လက်ပြတ်လေးတွေနဲ့တွဲဝတ်ပြီး sneakers လေးသာစီးပါ။ စတိုင်လ်ကျပြီး မိုက်နေစေပါတယ်။

အေးတဲ့နေရာဒေသတွေမှာဆိုရင် စမတ်ကျစေတဲ့ ဒီလိုဂျင်းအဖြူလေးတွေ၊ အသားရောင်လေးတွေကိုဝတ်တဲ့အခါမှာ အင်္ကျီကိုအထဲထည့်ဝတ်ပြီး ခါးပတ်ပတ်ပါ။ ပြီးရင် ကုတ်အပွလေးတွေသာထပ်ဝတ်လိုက်ပါ။ လုံးဝကိုဖက်ရှင်ကျပြီး မိုက်နေမှာပါ။

၂၀၂၁ မှာတော့ ဒီလိုဂျင်းဘောင်းဘီလေးတွေကလည်း ပြန်ပြီးခေတ်စားလာပါတယ်။ ရိုးရိုးလေးနဲ့ စမတ်ကျချင်ရင်တော့ ဒီလိုဂျင်းဘောင်းဘီလေးတွေကို ကြိုးတစ်လုံးလေးနဲ့တွဲဝတ်ပြီး အပေါ်ကနေ ရှပ်အင်္ကျီအပွတွေထပ်ဝတ်ပါ။ ဒီဖက်ရှင်ကျတော့ sneakers နဲ့ဆို ပိုပြီးလိုက်ဖက်ပါတယ်။

ဒီဖက်ရှင်လေးကတော့ ချစ်ဖို့ကောင်းသလို စတိုင်လ်လည်းကျပါတယ်။ ဘောင်းဘီနဲ့ ဂျာကင်လေးက အသက်ပါပဲ။

၂၀၂၁ မှာ အရမ်းခေတ်စားလာတဲ့ထဲ ဒီဘောင်းဘီလေးတွေလည်း ပါပါတယ်။ သူကျတော့ ဂျင်းအကျပ်လေးဖြစ်လို့ ရှပ်အင်္ကျီနဲ့တွဲဝတ်ပြီး ခါးပတ်လေးပတ်လိုက်ရင် အရမ်းကိုစမတ်ကျပြီး မိမိုက်နေတာမျိုးပါ။

photo source:www.pinterest.com