Stress တွေရှိနေရင် ထိုင်တွေးပြီး စိတ်ပင်ပန်းခံမနေပါနဲ့။ Stress တွေပျောက်အောင် လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ Workout လုပ်လို့လည်းရပေမယ့် ပျင်းတဲ့သူတွေဆိုရင် တခြား Activity တစ်ခုခုကို လုပ်ကြည့်လို့ရပါတယ်။ ဒါကြောင့် Stress တွေလျော့ကျသွားဖို့ ကူညီပေးမယ့် အကောင်းဆုံး Activity တွေကို ဖော်ပြပေးလိုက်ပါတယ်။

လမ်းလျှောက်ပါ

Stress တွေလျော့ကျသွားအောင် လမ်းလျှောက်လို့လည်း ရပါတယ်။ ဖိနပ်မစီးပဲ မြက်ခင်းမှာ လမ်းလျှောက်တာမျိုး၊ ဖိနပ်မစီးပဲ သဲသောင်ပြင်မှာ လမ်းလျှောက်တာမျိုး၊ ညနေခင်း လမ်းထွက်လျှောက်တာမျိုးတွေ လုပ်ပေးလို့ရပါတယ်။

လှေကားအတက်အဆင်းလုပ်ပါ

လှေကားအတက်အဆင်း လုပ်တာကလည်း Stress တွေလျော့သွားစေဖို့ ကူညီပေးမယ့် အကောင်းဆုံး Activity တစ်ခုပါပဲ။

Jogging လုပ်ပါ

Jogging လုပ်တာကလည်း Stress တွေလျော့သွားစေဖို့ ကူညီပေးတဲ့ Activity တစ်ခုပါ။ ဒါကြောင့် ကိုယ်အဆင်ပြေတာကို ရွေးလုပ်လို့ရပါတယ်။

ကပါ

ကရတာကြိုက်တဲ့သူဆိုရင် Stress တွေများနေတဲ့အချိန် ဘာမှမစဉ်းစားပဲ သီချင်းဖွင့်ပြီးသာ ကခုန်နေလိုက်ပါ။ စိတ်ပေါ့ပါးပြီး ပျော်ရွှင်လာမယ်၊ Stress တွေလည်း လျော့ကျသွားပါမယ်။

စက်ဘီးစီးပါ

စက်ဘီးစီးတာကလည်း Stress တွေလျော့ကျစေတာကြောင့် လမ်းမလျှောက်ချင်တဲ့သူဆိုရင် စက်ဘီးစီးလို့ရပါတယ်။

Yoga လုပ်ပါ

Yoga လုပ်တာက စိတ်ရောကိုယ်ပါ ပေါ့ပါးပြီး Stress တွေလည်း လျော့ကျသွားစေပါတယ်။ Stress တွေကိုလျော့ချပေးမယ့် လွယ်ကူတဲ့ Yoga တွေကို ရှာပြီးလုပ်ကြည့်ပါ။

ရေကူးပါ

ရေကူးတတ်တဲ့သူ၊ ရေကူးရတာကြိုက်တဲ့သူဆိုရင် ရေကူးပါ။ Stress တွေလျော့ကျပြီး စိတ်ပေါ့ပါးလန်းဆန်းသွားပါလိမ့်မယ်။