အသားအရေထိန်းသိမ်းတဲ့အခါ Skincare Tools တွေ သုံးတာက ကိုယ်သုံးတဲ့ Skincare ရဲ့အာနိသင်ကို ပိုပြီးထိရောက်စေတာမလို့ အခုဆို တဖြည်းဖြည်းနဲ့ Skincare Tools တွေကို သုံးလာကြပါတယ်။ ဒါကြောင့် အိမ်မှာ အသားအရေထိန်းသိမ်းတဲ့ပျိုမေတွေအတွက် ရွေးချယ်လို့ရအောင် ဖော်ပြလိုက်ပါတယ်။

ဒါတွေကတော့ အိမ်မှာတင် မျက်နှာအလှပြင်ဖို့အတွက် တကယ်အသုံးဝင်တဲ့ ပစ္စည်းလေးတွေပါ…

Nurse Jamie Instant Uplift

A-list နာမည်ကြီးများကြားမှာ ရေပန်းစားတဲ့ ဒီ Roller က မျက်နှာကို လေ့ကျင့်ခန်းလုပ်သလို မျက်နှာရဲ့ အသားအရေကို တင်းရင်းစေပါတယ်။

Shani Darden Skin Care Facial Sculpting Wand

ဒါလေးက အသံလှိုင်းနည်းပညာကို အသုံးပြုပြီး သွေးလည်ပတ်မှုကို မြှင့်တင်ပေးတာကြောင့် အောက်ဆီဂျင် စုပ်ယူမှုကို ပိုကောင်းစေကာ အရေးအကြောင်းများကို လျော့ချပေးပါတယ်။ အသက်အရွယ်ကို အံတုနိုင်ဖို့အတွက် မျက်လုံး နဲ့ နှုတ်ခမ်း ဧရိယာ အပါအဝင် အရေပြားကို ပိုပြီး တင်းရင်းချောမွေ့စေပါတယ်။

FOREO BEAR Microcurrent Facial Toning Device

အရေပြားရဲ့ လျှပ်စစ်ဓာတ်ခံနိုင်ရည်ကို တိုင်းတာပြီး Microcurrent ကို ချိန်ညှိလို့ရတဲ့ ဒီစက်က မျက်နှာကို သဘာဝကျကျပုံသွင်းနိုင်ပြီး ပါးရိုး၊ ပါးပြင်၊ လည်ပင်းနဲ့ နဖူးလို လျော့ရဲနေတဲ့အရေပြားကို တင်းရင်းစေတဲ့အပြင် အရေးကြောင်းတွေကို လျော့ချပေးနိုင်ပါတယ်။

Oxygen Boutique Cryo Facial Tool

ဘောလုံးပုံစံ ဒီ Facial Tool ကတော့ အေးမြတဲ့ခံစားမှုနဲ့အတူ အရေပြားအတွင်းက သွေးနဲ့ အောက်ဆီဂျင်စီးဆင်းမှုကို တိုးစေပြီး ရောင်ရမ်းခြင်းတို့ကို ချက်ချင်းသက်သာစေပါတယ်။ အသားအရေကို တင်းမာစေပြီး ချွေးပေါက်များကို ပွင့်စေတဲ့အပြင် အသားအရေအတွင်းပိုင်းကိုပါ တောက်ပြောင်စေပါတယ်။

Face Gym The Acne Light Shot

ပရော်ဖက်ရှင်နယ်အဆင့်နဲ့ အရေပြားအထူးကုဆရာဝန်များရဲ့ ထောက်ခံချက်ရထားတဲ့ ဒီ Light Shot က အချိန်မကုန်ဘဲ မျက်နှာကို သန့်ရှင်းစေတဲ့အပြင် အမဲစက်များနဲ့ဝက်ခြံကိုလျှော့ချပေးပြီး အသားအရေကို ကျန်းမာစေပါတယ်။ အပြာရောင်အလင်းကုထုံးက သဘာဝအတိုင်း ကုသပေးတာမလို့ မိနစ် ၂၀ လောက်ဆို လုံလောက်ပါတယ်။