မင်္ဂလာပါနော်။ ကြည်လင်ပြီး သဘာဝအတိုင်း Glow နေတဲ့အသားအရေမျိုးကို မလိုချင်တဲ့သူရယ်လို့ မရှိပါဘူး။ သင့်အနေနဲ့ လိုချင်တဲ့ အသားအရေမျိုးရအောင် ထိန်းထားနိုင်ဖို့ဆိုရင် ဘယ်လို Skincare လုပ်နည်းတွေက တကယ်တမ်းအသုံးဝင်ပြီး ထိရောက်နိုင်မလဲဆိုတာကို သိထားဖို့ လိုပါတယ်။ ဒီလိုမဟုတ်ဘဲ ထိန်းသိမ်းနည်းအမှားတွေနဲ့ ပိတ်မိနေရင်တော့ ငွေကုန်သလို သင့်အသားအရေကိုလည်း ပိုပြီးထိခိုက်လာစေမှာပါ။

ဒါကြောင့် ဒီတစ်ခေါက်မှာ ကြည်လင်တဲ့ Glow Skin လေး ရချင်သူတိုင်း လိုက်လုပ်နိုင်မယ့် ထိရောက်တဲ့ Skincare အဆင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အစိုဓာတ်ဖြည့်ပါ

အစိုဓာတ်မရှိတဲ့ အသားအရေက ခြောက်သွေ့ကွဲအက်ပြီး အရေးအကြောင်းတွေ ထွက်လွယ်ပါတယ်။ Skin Type အမျိုးအစားတိုင်း ရာသီမရွေး အစိုဓာတ်ဖြည့်ပေးဖို့ လိုတာမို့ ကိုယ့်အသားအရေနဲ့ အဆင်ပြေတဲ့ Moisturizer တွေ ပုံမှန်သုံးပေးပါ။ အသားခြောက်တတ်တဲ့သူတွေဆို ပိုသုံးပေးသင့်ပါတယ်။ ဒါမှ သင့်လိုချင်တဲ့ အသားအရေကြည်ကြည်လေးရလာမှာပါ။

၂။ မိတ်ကပ်တွေ စင်အောင်ဖျက်ဖို့ မမေ့ပါနဲ့

သဘာ၀ Glow Skin လေးရဖို့ အသားအရေ သန့်စင်နေဖို့လိုပါတယ်။ မိတ်ကပ်အကြွင်းအကျန်တွေက ချွေးပေါက်ပိတ်ပြီး Breakout တွေထွက်တာ၊ အရေပြားယားယံတာနဲ့ ပိုးဝင်တာတွေအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ညမအိပ်ခင်မှာ မိတ်ကပ်ပုံမှန်ဖျက်ပေးပြီး Cleansing သေချာလုပ်ပေးဖို့ မမေ့သင့်ပါဘူး။

၃။ ဝက်ခြံထွက်လာတဲ့အခါ အသားအရေကို အနားပေးပါ

Glow Skin လိုချင်တဲ့သူတွေအတွက်တော့ ဝက်ခြံတွေက ရန်သူပါပဲ။ မျက်နှာမှာ ဝက်ခြံထွက်လာတဲ့အခါ လက်နဲ့ထိတာ၊ Alcohol ပါတဲ့ Skincare ဒါမှမဟုတ် မိတ်ကပ်ပစ္စည်းတွေ သုံးတာမျိုးကို လုံးဝရှောင်ပြီး အသားအရေကို အနားပေးလိုက်ဖို့ လိုပါတယ်။ တတ်နိုင်သလောက် ဝက်ခြံတွေခြောက်ပြီး အရောင်ကျစေမယ့် သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ Skincare တွေ သုံးပေးပါ။ ဥပမာအနေနဲ့ ရောင်ရမ်းခြင်းသက်သာပြီး မျက်နှာပေါ်က မလိုအပ်တဲ့ အဆီတွေကို ဖယ်ရှားပေးမယ့် Tea Tree ပါတဲ့ထုတ်ကုန်တွေ အသုံးပြုနိုင်ပါတယ်။

၄။ ညပိုင်း Skincare အတွက် ပိုအာရုံစိုက်ပေးပါ

ညအိပ်တဲ့အချိန်မှာ အသားအရေအတွင်းက ဆဲလ်တွေဟာ သူ့အလိုလို လည်ပတ်ပြီး ဆဲလ်အသစ် ပြန်လည်ဖွဲ့စည်းတတ်ပါတယ်။ သင့်အနေနဲ့ ညဘက် Skincare လုပ်ပေးလိုက်တာက အိပ်ချိန်အတွင်း ဆဲလ်လည်ပတ်မှုနဲ့ Collagen ထုတ်လုပ်မှုကိုတက်စေပြီး မနက်တိုင်း Glow Skin လေးနဲ့ နှိုးထနိုင်ဖို့ ကူညီပေးမှာပါ။ ဒါကြောင့် အိပ်ရာမဝင်ခင် မျက်နှာသေချာသန့်စင်ပြီး အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ Night Cream ၊ Serum ၊ Moisturizer စတာတွေ ပုံမှန်သုံးပေးရပါမယ်။

၅။ Skincare နောက်ဆုံးအဆင့်အနေနဲ့ Facial Oil တစ်မျိုးလိမ်းပေးသင့်ပါတယ်

Facial Oil တွေကလည်း Glow Skin ရချင်သူတွေ သုံးပေးသင့်တဲ့ Skincare အဆင့်ဖြစ်ပြီး သူက အရေပြားအတွင်း အစိုဓာတ် ဆုံးရှုံးမှုမရှိဘဲ စိမ့်ဝင်နေစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် အရေးအကြောင်းကင်းပြီး အသားအရေတင်းရင်းစေတဲ့ Antioxidants ဓာတ်တွေ ပါဝင်တာမို့ ကိုယ့် Skin Type နဲ့အဆင်ပြေပြီး စေးကပ်မှုမရှိဘဲ သဘာဝပစ္စည်းတွေနဲ့လုပ်ထားတဲ့ Facial Oil တွေအသုံးပြုပေးသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar