မိန်းကလေးတော်တော်များများက ညဘက်တွေဆိုရင် Skin Care အတွက် အမြဲတမ်း အလုပ်ရှုပ်နေတတ်ပါတယ်။ ညဘက်မှာပဲ Skin Care လုပ်ရတဲ့အကြောင်းအရင်းကတော့ အသားအရေအတွက် လိုအပ်တာတွေကို ဖြည့်တင်းဖို့ဆိုရင် အကောင်းဆုံးအချိန်က ညဘက်ဖြစ်နေတာကြောင့်ပါ။

အသားအရေအတွက် လိုအပ်တာတွေကိုလုပ်ပေးတဲ့အချိန်က ညဘက်ဆိုရင် အာဟာရဓာတ်တွေကို အသားအရေက ကောင်းကောင်းစုပ်ယူသွားနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ အသားအရေကိုကောင်းမွန်အောင် ထိန်းသိမ်းဖို့အတွက်ဆိုရင် ဒီလိုအရာတွေကို မျက်နှာပေါ်မှာ မဖြစ်မနေ တင်ထားပေးသင့်ပါတယ်နော်။

ဝက်ခြံတွေကိုသက်သာစေဖို့ဆိုရင်

သင့်မျက်နှာမှာဝက်ခြံတွေရှိနေခဲ့မယ်ဆိုရင် ဝက်ခြံတွေကိုပျောက်ကင်းစေပြီး၊ ဝက်ခြံဖြစ်စေမယ့် ဘက်တီးရီးယားတွေနဲ့၊ ချွေးပေါက်ကျယ်နေတာတွေကိုလည်း လျော့နည်းသွားစေနိုင်မယ့် ဆေးဝါးတစ်မျိုးမျိုးကို လိမ်းထားပေးမယ်ဆိုရင်တော့ သင့်အသားအရေအတွက် အကောင်းဆုံးဖြစ်နေစေမှာပေါ့။ အာလူးကပ်ပေးတာမျိုးဆိုရင်လည်း မျက်နှာမှာရှိနေတဲ့ ဝက်ခြံနဲ့ အမာရွတ်တွေကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။

မျက်နှာအသားအရေနဲ့ သင့်တော်တဲ့ Face Mask

ညဘက်တွေမှာ Face Mask ကိုအသုံးပြုတာကလည်း အသားအရေအတွက်ထိရောက်မှုရှိတဲ့ နည်းလမ်းကောင်းတစ်ခုပါပဲ။ Face Mask ကိုရွေးတဲ့အခါမှာ သင့်အသားအရေနဲ့လိုက်ဖက်မှုရှိစေမယ့် Face Mask မျိုးကိုအသုံးပြုဖို့ကလည်း အရေးကြီးဆုံးပါနော်။ ဝက်ခြံပေါက်တတ်တဲ့သူမျိုးတွေ အဓိကရှောင်ရမှာကတော့ Whitening ပါတဲ့ FaceMask မျိုးတွေကိုရှောင်သင့်ပါတယ်နော်။

အစိုဓာတ်ထိန်းခရင်မ်

ဒါကတော့ အသားအရေတိုင်းအတွက် မရှိမဖြစ်ကိုလိုအပ်နေတဲ့ အရာတစ်ခုပါပဲ။ အသားအရေမှာ လိုအပ်တဲ့အစိုဓာတ်တွေရှိနေမှလည်း သင့်အသားအရေက စိုစိုပြေပြေတင်းတင်းရင်းရင်းလေးနဲ့ လှပနေမှာပဲဖြစ်ပါတယ်နော်။ အသားအရေကို စိုပြေစေတဲ့အပြင် အရေးအကြောင်းဖြစ်တာတွေကိုလည်း လျော့နည်းစေမှာဖြစ်တဲ့အတွက်ကြောင့် မနက်ခင်းတိုင်းကို လှပတဲ့အသားအရေလေးနဲ့ နိုးထလာနိုင်မှာပဲဖြစ်ပါတယ်နော်။

EyeCream

EyedCream ကလည်း အသက် ၂၀ ကျော်တာနဲ့ စတင်လိုအပ်လာတဲ့ အရာတစ်ခုပါ။ သင့်မျက်လုံးတစ်ဝိုက်ကို EyeCream လေးပုံမှန်လိမ်းနေမှ အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ မျက်လုံးတစ်ဝိုက်က အရေးအကြောင်းတွေကို လျော့နည်းသက်သာစေမှာပဲဖြစ်ပါတယ်။ မျက်လုံးနားမှာ အရေးအကြောင်းတွေဖြစ်လာတဲ့အခါ ဘယ်လောက်ပဲ Skin Care တွေသုံးနေပါစေ သင့်ကိုအိုမင်းရင့်ရော်တဲ့ပုံ ပေါ်လွင်နေစေမှာပဲဖြစ်ပါတယ်နော်။

Vaseline လေးလည်း သုံးကြည့်ပေးပါ

Vaseline ကအလှအပအတွက်ရော၊ တစ်ခြားနေရာတွေ တော်တော်များများမှာပါ အသုံးဝင်နေတာကို အားလုံးပဲသိထားပြီးသားဖြစ်မှာပါနော်။ Vaseline ကအသားအရေခြောက်သွေ့တာတွေကို လျော့နည်းအောင် ကူညီပေးနိုင်တဲ့အပြင် နှုတ်ခမ်းခြောက်သွေ့တာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။ ဝက်ခြံတွေကိုဖြစ်စေမယ့် ချွေးပေါက်ကျယ်တာတွေကိုလည်း လျော့နည်းသွားစေတာကြောင့် ဝက်ခြံထွက်တာတွေကိုလည်း သိသိသာသာလျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။

အခုဖော်ပြထားတဲ့အရာလေးတွေကို သင့်ရဲ့အိပ်ရာဝင်ခါနီးအချိန်တိုင်းမှာ မျက်နှာပေါ်မှာပြုလုပ် ပြင်ဆင်ပေးမယ်ဆိုရင် ပိုကောင်းတဲ့မျက်နှာအသားအရေမျိုးကို ရရှိမှာပဲဖြစ်ပါတယ်နော်။

Photo Source: Pexels