မင်္ဂလာပါ…. ပျိုမဒီတို့ရေ… လူတိုင်းမှာ အသားအရေနဲ့ပတ်သတ်ရင် နီမြန်းတာ၊ ဝက်ခြံထွက်တာ၊ အသားအရောင်မညီတာ စသဖြင့် စိတ်ပူပင်မှုတွေ အမျိုးမျိုးရှိကြပါတယ်။ ဒါပေမယ့် လူတိုင်းမှာ တူညီတဲ့ အရာတစ်ခု ကတော့ အိုမင်းရင့်ရော်ခြင်းရဲ့ လက္ခဏာတွေကို ခံစားရတာပါပဲ။

ကံမကောင်းစွာနဲ့ အိုမင်းရင့်ရော်မှုကို အပြည့်အဝကာကွယ်ဖို့ အချိန်ကိုနောက်ပြန်လှည့်လို့မရပေမယ့် အိုမင်းရင့်ရော်မှုကို နှေးကွေးစေဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

Retinol

Retinol serum တွေက အရေပြားပေါ်မှာရှိတဲ့ Exfoliating Effect များပါရှိပြီး အသားအရေရဲ့ Texture နဲ့ Tone ကို ပိုမိုကောင်းမွန်စေပါတယ်။ Retinol က အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို ကုသနိုင်တဲ့အပြင် ဝက်ခြံပေါက်တတ်တဲ့ အသားအရေပိုင်ရှင်တွေအတွက်လည်း သင့်တော်ပါတယ်။

Alpha Hydroxy Acids (AHAs)

AHAs ကို အရေပြားပေါ်လိမ်းတဲ့အခါ အရေးအကြောင်းများကို လျှော့ချပေးနိုင်ပြီး ရောင်ရမ်းခြင်း ၊ ကွဲထွက်ခြင်းကို ကာကွယ်ပေးနို်င်တဲ့အပြင် အသားအရေကိုလည်း တောက်ပစေပါတယ်။

Vitamin C

Vitamin C က အသားအရေကို တောက်ပစေပြီး အိုမင်းရင့်ရော်ခြင်းလက္ခဏာများကို ကာကွယ်ပေးနိုင်ပါတယ်။ ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ပေးတဲ့အပြင် အရေပြားကို နေလောင်ဒဏ်မှလည်း ကာကွယ်ပေးနိုင်ပါတယ်။

Hyaluronic Acid

Hyaluronic acid က အသားအရေကို ရေဓာတ်ထိန်းသိမ်းဖို့ မရှိမဖြစ်လိုအပ်တဲ့အရာပါ။ ခန္ဓာကိုယ်က သဘာဝအတိုင်း ထုတ်လုပ်ထားပေမယ့် အသက်ကြီးလာတာနဲ့အမျှ ဒီအဆင့်တွေက လျော့ပါးလာပါတယ်။ hyaluronic acid လိမ်းတာက အရေပြားကို ရေဓာတ်ထိန်းပေးရုံသာမက အသားအရေရဲ့ Texture နဲ့ Elasticity ကိုလည်း သိသိသာသာ သက်ရောက်မှုရှိစေပါတယ်။

Niacinamide

Niacinamide က ဗီတာမင် B3 ရဲ့ ပုံစံတစ်မျိုးဖြစ်ပြီး ရေဓာတ်ကို ထိန်းညှိပေးခြင်း ၊ ချွေးပေါက်ကျယ်တာကို ကျဉ်းစေခြင်း ၊ အဆီထုတ်လုပ်မှုကို ထိန်းညှိပေးခြင်း ၊ ရောင်ရမ်းခြင်းကို သက်သာစေခြင်း ၊ အရေးအကြောင်းများကို လျော့ပါးစေခြင်း စတဲ့ အကျိုးကျေးဇူးများကိုပေးပါတယ်။

Peptides

Peptides ဆိုတာက Collagen နဲ့ Elastin တို့လို ကျန်းမာတဲ့အသားအရေအတွက် လိုအပ်တဲ့ ပရိုတင်းများကို တည်ဆောက်ပေးတဲ့ Amino Acids ပါ။ Collagen ကို တိုးမြင့်ပေးပြီး အရေးအကြောင်းများကို လျော့ပါး စေတဲ့အပြင် အရေပြား လျော့တွဲခြင်းတို့ကို တားဆီးပေးပါတယ်။ ရောင်ရမ်းမှုကို လျှော့ချပေးပြီး ပိုမိုကြည်လင်သော အသားအရေကိုပိုင်ဆိုင်နိုင်ဖို့ Peptides က အများကြီးပေးစွမ်းနိုင်ပါတယ်။