မျက်နှာဖြူချင်တဲ့သူတွေအတွက် အိမ်မှာနေရင်းနဲ့ မျက်နှာပေါင်းတင်နိုင်မယ့် သဘာဝနည်းလမ်းကောင်းတွေကို ပြောပြပေးလိုက်ပါတယ်။ အိမ်မှာပဲလုပ်ရတာဆိုတော့ ငွေကုန်ကြေးကျလည်း သက်သာပြီး အဆင်ပြေစေတာပေါ့။ ဒီနည်းလမ်းတွေထဲကမှ ကိုယ်နှစ်သက်ရာ၊ အဆင်ပြေရာတစ်မျိုးကိုရွေးပြီး လုပ်လိုက်ရုံပါပဲ။

ဆန်အမှုန့်နဲ့နွားနို့

ဒီနည်းလမ်းကတော့ ဆန်မှုန့်နဲ့နွားနို့ကိုသုံးပြီး မျက်နှာပေါင်းတင်နည်းပါ။ လုပ်ရမယ့်ပုံစံကတော့ ဆန်ကို အမှုန့်တွေဖြစ်သွားတဲ့အထိ ကြိတ်ချေပေးပါ။ ခွက်တစ်ဝက်စာလောက်ရအောင် လုပ်ပေးပါ။ ပြီးရင်တော့ ရလာတဲ့ဆန်အမှုန့်နဲ့ နွားနို့ – စားပွဲတင်ဇွန်း ၃ ဇွန်းစာတို့ကို ရောမွှေပါ။ ပျစ်ပျစ်လေးဖြစ်အောင်လုပ်ပေးပါ။ ပျစ်သွားပြီဆိုရင်တော့ မျက်နှာပေါင်းတင်ပြီး မိနစ် ၃၀ ထားပေးပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပြီး ကိုယ်လိမ်းနေကျ skincare ကို လိမ်းပေးပါ။

ဒီနည်းလမ်းကို သေချာစွဲလုပ်ပေးမယ်ဆိုရင်တော့ မျက်နှာအသားအရေက သိသိသာသာဖြူပြီး glow လာပါလိမ့်မယ်။

သံပယိုရည်၊ ပျားရည်၊ နွားနို့

ဒီနည်းလမ်းကတော့ သံပယိုရည်၊ ပျားရည်နဲ့ နွားနို့တို့ကိုသုံးပြီး မျက်နှာပေါင်းတင်ရမှာပါ။ လုပ်ရမယ့်ပုံစံကတော့ နွားနို့ – စားပွဲတင်ဇွန်း ၁ ဇွန်း၊ ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ရောမွှေပြီး မျက်နှာပေါင်းတင်ပေးရမှာပါ။ မိနစ် ၂၀ ထားပြီးရင်တော့ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပြီး ကိုယ်လိမ်းနေကျ skincare တွေသာ ပြန်လိမ်းပေးပါ။

ဒီနည်းလမ်းကတော့ မျက်နှာဖြူလာရုံတင်မကပဲ မျက်နှာအသားအရေပါ glow လာစေမှာပါ။ သေချာစွဲလုပ်ပေးမှသာ သိသာတဲ့ရလဒ်ကို ရရှိလာပါလိမ့်မယ်။

ပျားရည်နဲ့သင်္ဘောသီး

ဒီနည်းလမ်းမှာကတော့ ပျားရည်နဲ့သင်္ဘောသီးကိုသုံးပြီး မျက်နှာပေါင်းတင်မှာပါ။ လုပ်ရမယ့်ပုံစံကတော့ သင်္ဘောသီးကို ခွက်တစ်ဝက်စာလောက်ရအောင် အတုံးသေးသေးလေးတွေ တုံးထည့်ပါ။ ပြီးရင် ကျေညှက်အောင် ချေပေးပါ။ ကျေညှက်သွားပြီဆိုမှ ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ရောမွှေပါ။ ပြီးရင်တော့ မျက်နှာပေါင်းတင်ပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပြီး ရေအေးနဲ့ ထပ်သစ်ပါ။ ပြီးရင်တော့ ကိုယ်လိမ်းနေကျ skincare ပြန်လိမ်းပေးပါ

ဒီနည်းလမ်းကို သေချာစွဲလုပ်ပေးရင်တော့ မျက်နှာအသားအရေချောမွေ့ပြီး ဖြူလာပါလိမ့်မယ်။

source:www.bebeautiful.in