အကောင်းစား Branded တွေဝတ်မှ Fashion ကျပြီး လှပနေတာမျိုး မဟုတ်ပါဘူး။ ကိုယ်တတ်နိုင်သလောက်လေးနဲ့ ကိုယ့်မှာရှိတာလေးတွေနဲ့ Fashion ကျကျ Style ကျကျဝတ်တတ်ရင်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိရင် သူများထက်ပို Smart ကျပြီး ဆွဲဆောင်မှုရှိတာပါပဲ။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုရှိပြီး Fashion ကျလှပနေစေဖို့ ရိုးရှင်းတဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။

အဝတ်အစားကို လူတကာဝတ်နေတာမျိုး၊ အရမ်း Hot ဖြစ်နေတာမျိုးတွေ လိုက်မဝတ်ပါနဲ့။ အရမ်း Trends ဖြစ်နေတာတွေက ကြာလာရင် ရိုးသွားတတ်ပါတယ်။ ဒီတော့ ကိုယ့် Style နဲ့ကိုယ်၊ ကိုယ်နဲ့လိုက်ဖက်တာလေးတွေကိုသာ အလှဆုံးဖြစ်အောင် ရွေးဝတ်ပါ။ အသစ်တွေပေါ်လာပြီး Hot ဖြစ်နေလည်း ကိုယ်နဲ့မလိုက်ရင် ဝယ်ပြီးအလကားဖြစ်မှာပါ။ ဒါကြောင့် ကိုယ်နဲ့လိုက်ဖက်တာလေးတွေကို ကိုယ့် Style အတိုင်းဝတ်ပြီး ယုံကြည်မှုရှိရှိနဲ့နေရင် စမတ်ကျပြီးလှနေမှာပါ။

ကိုယ့်မှာရှိတဲ့ အဝတ်အစားတွေက ကြာတော့မဝတ်ချင်တော့ဘူး၊ ရိုးလာတယ်ဆိုတာမျိုး ဖြစ်လာရင် Youtube DIY Video တွေကြည့်ပြီး အဝတ်အစားတွေကို Style ပြောင်းပြင်ဆင်ကြည့်ပါ။ ဒါဆိုရင် Fashion အသစ်လေး ဖြစ်သွားမှာပါ။ ဝတ်ရတာလည်း အပြောင်းအလဲဖြစ်တာပေါ့။ အသစ်တွေ၊ အကောင်းတွေကိုပဲ ဝယ်ဝတ်နေစရာလည်း မလိုပါဘူး။ သပ်သပ်ရပ်ရပ် ဝတ်စားပြီး Fashion အတွဲညီအောင် ဝတ်တတ်ရင် အဆင်ပြေနေပါပြီ။

အဓိကကတော့ ဘယ်လို Fashion မျိုးပဲဝတ်ဝတ် ဘယ်လိုအဝတ်အစားပဲဝတ်ဝတ် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေဖို့ပဲလိုတာပါ။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေတဲ့သူက ကြည့်လိုက်တာနဲ့တင် ဆွဲဆောင်မှုရှိပြီး Smart ကျနေမှာပါ။ အသားညိုလို့ ဟိုအရောင်နဲ့မလိုက်ဘူး၊ မဝတ်ဘူးမလုပ်ပါနဲ့။ ကိုယ့်စိတ်ကြိုက်ဝတ်ပါ။ ကိုယ်ကျေနပ်ရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရင် လှနေမှာပါပဲ။

နောက်ထပ် အရေးကြီးတာကတော့ ကိုယ့်ဆီကနေ Body အနံ့ဆိုးမထွက်ဖို့ပါပဲ။ Fashion ကျကျ Smart ကျကျ ဝတ်စားထားပြီး Body က အနံ့ဆိုးထွက်တာ၊ ဂျိုင်းနံ့နံနေတာမျိုးဆို အဆင်မပြေပါဘူး။ ဒီတော့ ချွေးနံ့ကောင်းကောင်းထိန်းနိုင်တဲ့ Deodorant ကို အမြဲသုံးပါ။ ရေမွှေးသုံးပါ။

Makeup ပြင်ဆင်တဲ့အခါမှာလည်း Over ဖြစ်အောင် Full Makeup Look တွေ ပြင်စရာမလိုပါဘူး။ ရှင်းရှင်းလေးနဲ့ လှနေတာမျိုးက ပိုပြီးအကြည့်ခံပါတယ်။ Natural Look လေးတွေပဲပြင်ပြီး သပ်သပ်ရပ်ရပ်လေး ပြင်ဆင်မယ်၊ သပ်သပ်ရပ်ရပ်လေး ဝတ်စားထားမယ်၊ ဆံပင်ကိုလည်း သပ်သပ်ရပ်ရပ်လေး ပြင်ဆင်ထားမယ်ဆိုရင် ဘယ်အချိန်ကြည့်ကြည့် လှပနေမှာပါ။