မိန်းကလေးတွေအတွက် ကြည့်လိုက်တာနဲ့ ဆံပင်ညှပ်ချင်စိတ်ပေါက်သွားလောက်အောင် စတိုင်လ်ကျပြီးလှတဲ့ Short Hairstyle တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဆံပင်အရှည်ထားရတာစိတ်ရှုပ်လို့ အတိုညှပ်မယ်ဆိုရင်လည်း သေချာလှတဲ့ပုံစံလေးတွေကို ရွေးပြီးညှပ်သင့်ပါတယ်။

မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတာမျိုးကို မကြိုက်ဘူး၊ အထာကျပြီး မိုက်တဲ့ပုံစံမျိုးလေးပဲ ကြိုက်တာဆိုရင်တော့ ဒီလို Hairstyle မျိုးကို ညှပ်ကြည့်ပါ။ ပုံစံပြောင်းပြီး အထာကျကျနဲ့ မိုက်နေမှာပါ။

Yoon-ah ရဲ့ ဒီ Hairstyle လေးဆိုရင် မိုက်လည်းမိုက်သလို ချစ်ဖို့လည်းကောင်းပါတယ်။ မျက်နှာသေးသေးသွယ်သွယ်လေးတွေနဲ့ဆို အရမ်းလိုက်မှာပါ။

လုံးဝကို Short hair လေးညှပ်ချင်ရင် နားရွက်အောက်လေး ညှပ်ချလိုက်ပါ။ နားရွက်အောက်နားလောက်ညှပ်ပြီး အရှေ့ကို Hair bang လေး ညှပ်မယ်ဆိုရင်တော့ အထာကျကျနဲ့ ချစ်ဖို့ကောင်းပါတယ်။

နားရွက်အောက်နားလောက်ညှပ်ပြီး ကိုရီးယားမလေးတွေလို ပုံသွင်းမယ်ဆိုလည်း မိုက်ပါတယ်။

အရမ်းတိုအောင်မညှပ်ချင်ရင် ဒီ Hairstyle လေး ညှပ်ကြည့်ပါ။ အထပ်လေးတွေနဲ့ အရမ်းလှပါတယ်။

ဆံပင်ကိုညှပ်ရုံတင်မဟုတ်ဘူး ပုံစံပါပြောင်းချင်တယ်ဆိုရင်တော့ ဒီလို Hairstyle လေးတွေ ဖန်တီးကြည့်ပါ။ ကိုရီးယားမလေးတွေလို ချစ်ဖို့ကောင်းပြီးလှနေမှာပါ။

မျက်နှာသေးတဲ့ကောင်မလေးတွေဆိုရင် ဒီလို Hairsyle လေးညှပ်ပြီး Highlight ဖောက်ကြည့်ပါ။ Bad girl style လေးနဲ့ အရမ်းမိုက်သလို ချစ်ဖို့လည်းကောင်းပါတယ်။

မျက်နှာသေးသေးလေးတွေက ဒီလို Hairstyle လေးနဲ့လည်း အရမ်းလိုက်ပါတယ်။ လုံးဝကိုပေါ့ပါးနေစေမယ့် Hairstyle မျိုးပါ။

မျက်နှာနည်းနည်းပြည့်တယ်ဆိုရင်တော့ ဒီ Hairstyle လေးနဲ့လိုက်ပါတယ်။ ချစ်ဖို့ကောင်းပြီး ပုံမှန်ထက်လည်းပိုနုသွားစေမယ့် ပုံစံလေးပါ။

Short hair ညှပ်ချင်ပေမယ့် အရမ်းကြီးပုံစံပြောင်းသွားတာမျိုးလည်း မလိုချင်ဘူးဆိုရင်တော့ ဒီလို Hairstyle လေးညှပ်ပြီး အရောင်ကိုသာ ခပ်မိုက်မိုက်လေး ဖောက်ဆိုးကြည့်ပါ။

ဆံပင်ညှပ်ချင်တယ်၊ ပုံစံပြောင်းချင်တယ်၊ အရမ်းတော့မတိုချင်ဘူးဆိုရင် ဒီအနေလောက်နဲ့ ဒီ Hairstyle လေးတွေ ညှပ်ကြည့်ပါ။ ပုံမှန်ထက်ပိုနုပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။

photo source:www.pinterest.com