ဆံပင်အရောင်ဆိုးထားတယ်ဆိုရင် အရောင်ကြာရှည်ခံအောင်၊ ဆံသားပျက်စီးသွားတာမျိုး မဖြစ်အောင် သေချာဂရုစိုက်ပေးရပါမယ်။ ခေါင်းလျှော်ရည်ကစပြီး ပြောင်းသုံးပေးသင့်ပါတယ်။ ခေါင်းလျှော်ရည်သုံးတဲ့အခါမှာ အကောင်းဆုံးဆိုတာမျိုးပဲ သုံးချင်တဲ့သူတွေအတွက် အရောင်ဆိုးထားတဲ့ ဆံကေသာကို ထိန်းသိမ်းပေးမယ့် အကောင်းဆုံး ခေါင်းလျှော်ရည်တွေကို ဖော်ပြပေးလိုက်ပါတယ်။

Kérastase Chroma Absolu Shampoo

ဆံပင်အရောင်လည်းဆိုးထားတဲ့အပြင် ဆံသားလည်းပျက်စီးသလိုဖြစ်နေတယ်၊ ဆံပင်လည်း အုံထူတယ်ဆိုတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ Sulfate-free ဖြစ်ပြီး ဆံသားပျက်စီးတာကို သက်သာစေတယ်၊ အရောင်ဆိုးထားတဲ့ ဆံသားအတွက်လည်း အရမ်းကောင်းပါတယ်။ အနံ့ကအစ အရမ်းသဘောကျစရာကောင်းပါတယ်။

Nexxus Color Assure Shampoo

ဆံပင်အရောင်ကို ပိုတောက်ပြောင်စေပြီး ဆံသားအရောင်ကြာရှည်ခံစေပါတယ်။ ဆံသားပျက်စီးတာမျိုးလည်း မဖြစ်စေပါဘူး။

Nounou Shampoo

Sulfate-free ဖြစ်ပြီး Gentle လည်းဖြစ်တာကြောင့် Sensitive ဖြစ်တဲ့ ဆံကေသာအတွက်ပါ အရမ်းအဆင်ပြေပါတယ်။ ဆံသားအရောင်ကို ပိုမိုတောက်ပြောင်စေပြီး ဆံသားပျက်စီးတာမျိုး မဖြစ်စေပါဘူး။

Paul Mitchell Color Protect Daily Shampoo

UV Rays ကြောင့် ဆံသားထိခိုက်ပျက်စီးတာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့်လည်း ဆံသားအရောင်ပိုပြီး ကြာရှည်ခံစေတယ်၊ ဆံသားပျက်စီးမှုနှုန်း လျော့ကျစေပါတယ်။

SACHAJUAN Colour Protect Shampoo

ဆံပင်အရောင်ဆိုးထားတဲ့အပြင် ဆံသားကလည်း ကြမ်းနေသလို ခံစားရတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ဆိုးထားတဲ့ဆံပင်အရောင်ကို ပိုမိုက်တောက်ပြောင်စေပြီး ဆံသားနူးညံ့ချောမွေ့စေပါတယ်။ ဆံသားအတွက် Hydration လည်း ရစေပြီး UV Rays ဒဏ်ကနေလည်း ကာကွယ်ပေးပါတယ်။