ဆံပင်ဖြောင့်ထားတယ်ဆိုရင် ဖြောင့်ထားတဲ့ဆံသားအတွက်ကောင်းတဲ့ shampoo မျိုးကို ရွေးချယ်အသုံးပြုသင့်သလို ကောက်ထားတဲ့ ဆံသားဆိုရင်လည်း ကောက်ထားတဲ့ဆံသားအတွက် ထုတ်ထားတဲ့ shampoo မျိုးကို ရွေးသုံးသင့်ပါတယ်။ ကိုယ့်ဆံသားနဲ့ကိုက်ညီတဲ့ shampoo မျိုးကို ရွေးသုံးမှသာ ဆံသားကျန်းမာလှပနေမှာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ ဆံပင်ကောက်ထားတဲ့သူတွေသုံးသင့်တဲ့ အကောင်းဆုံး shampoo တွေကို မျှဝေပေးလိုက်ပါတယ်။

Ceremonia Yucca & Witch Hazel Deep Hydrating Shampoo

ဆံသားအတွက်ရှိသင့်တဲ့ natural oils တွေကို မဖယ်ရှားပစ်ပဲ ဆံသားနဲ့ဦးရေပြားကို သေချာသန့်စင်ပေးပါတယ်။ ဦးရေပြားယားယံနိုင်တဲ့ ပါဝင်ပစ္စည်းတွေ ဘာမှမပါဝင်လို့ လူကြိုက်အရမ်းများပါတယ်။ လျှော်ပြီးတာနဲ့ ကောက်ထားတဲ့ဆံသားက ပုံကျလှပနေပြီး နူးညံ့ချောမွေ့သွားစေပါတယ်။

Matrix Total Results Instacure Anti-Breakage Shampoo

ဆံပင်ကောက်ထားပြီး ဆံပင်အုံထူတဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ Sulfate-free shampoo ဖြစ်ပြီး ဆံသားခြောက်ပြီး ကြွပ်ဆတ်တာ၊ ဆံသားကွဲပြီး ဆံပင်ကျွတ်တာမျိုးတွေ မဖြစ်အောင်လို့ ကာကွယ်ပေးပါတယ်။

Curlsmith Shine Shampoo

ဆံပင်ကောက်ထားပြီး ဆံသားကမွဲခြောက်နေတဲ့သူတွေအတွက် ဆံသားတောက်ပြောင်ပြီး လှပလာအောင် ကူညီပေးမယ့် shampoo ဖြစ်ပါတယ်။ ဦးရေပြားနဲ့ဆံသားကိုလည်း သေချာသန့်စင်ပေးပါတယ်။ သုံးပြီးရင် ဦးရေပြားလုံးဝသန့်စင်ပြီး fresh ဖြစ်သွားတဲ့ feeling မျိုးရစေတာနဲ့ ဆံသားတောက်ပြောင်သွားစေတာတွေက လူကြိုက်များတဲ့ အကြောင်းအရင်းပါပဲ။

Ouai Detox Shampoo

ဦးရေပြားနဲ့ဆံသားကို detox လုပ်ပေးပြီး ဆံသားပုံကျလှပစေမယ့် shampoo ဖြစ်ပါတယ်။ သူ့အနံ့လေးက အရမ်းကောင်းပြီး ဆံပင်လည်းမကျွတ်စေတဲ့အတွက် လူကြိုက်များပါတယ်။ ဆံသားလည်း နူးညံ့တောက်ပြောင်စေပါတယ်။

Moroccanoil Hydrating Shampoo

Argan hair oil အဓိကပါဝင်လို့ ဆံသားအတွက် အရမ်းကောင်းပါတယ်။ ဆံသားအတွက်လိုအပ်တဲ့ အစိုဓာတ်ကို ဖြည့်ပေးပြီး ဦးရေပြားအဆီမပြန်စေပါဘူး။ ဆံသားကျိုးကြေတာတွေလည်း မဖြစ်စေပဲ ဆံသားနူးညံ့ပျော့ပျောင်းလာစေပါတယ်။