ဦးရေပြားပေါ်ရှိ ဆဲလ်သေများ ကွာကျလာခြင်းကို ဗောက်ထခြင်းကို ခေါ်ပြီး ဆံကေသာတွင် လုံလောက်သော အစိုဓာတ်မရရှိသောအခါ၊ ဦးရေပြား ယားယံခြောက်သွေ့သောအခါတွင် ဗောက်ထတတ်ပါတယ်။ လူတိုင်းလူတိုင်း ရာသီဥတုမရွေး ဗောက်ထတတ်ပါတယ်။

ဗောက်ထတတ်တဲ့သူများအနေနဲ့ ကိုယ့်ရဲ့ဗောက်ကြောင့် ယုံကြည်ချက် ပျောက်ဆုံးနေတာမျိုး (သို့) ကိုယ် အင်မတန်မှ နှစ်သက်မြတ်နိုးတဲ့ အင်္ကျီအနက်ရောင်နှင့် အခြားအရောင်ရင့်အဝတ်အစားများ ဝတ်ဆင်လို့မရဖြစ်နေလို့ စိတ်ညစ်နေတယ်ဆိုရင်တော့ နည်းလမ်းကောင်းလေးတစ်ခု ရှိပါတယ်။

ထိုနည်းလမ်းကောင်းကတော့ ဗောက်ပျောက်ဖို့ရန်အတွက် သီးသန့်ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်များ အသုံးပြုဖို့ပါပဲ။

ဘယ်ခေါင်းလျှော်ရည်တွေက ဗောက်အတွက်အကောင်းဆုံးလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ရအောင်။

Nizoral Anti-Dandruff Shampoo

Nizoral က အမေရိကမှာရှိတဲ့ အရေပြားနဲ့ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ထောက်ခံအားပေးမှု ရထားတဲ့ လက်စွဲပစ္စည်းဖြစ်ပါတယ်။ ဦးရေပြားယားယံတာ၊ ဗောက်နဲ့ ၊ အနာဖတ်တွေလို အလွားအလွားကွာနေတာတွေကို သက်သာစေတဲ့အပြင် ဦးရေပြားအလွှာအတွင်းပိုင်းထိ ပြန်လည် အားဖြည့်ပေးပြီး ဗောက်ပြန်မထအောင် ကာကွယ်ပေးပါတယ်။

The Body Shop Ginger Scalp Care Shampoo

ဒီခေါင်းလျှော်ရည်လေးကတော့ ဦးရေပြားမှာရှိတဲ့ အညစ်ကြေးတွေအားလုံးကို သန့်စင်သွားစေရုံသာမကပဲ ဗောက်တွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။ Community Trade Honey ပါဝင်တဲ့အတွက်ကြောင့် အသုံးပြုလိုက်တဲ့အခါမှာ ဦးရေပြားကို အေးမြသွားစေတဲ့အပြင် ဆံသားတွေကိုပါ ချောမွေ့သွားစေပါတယ်။ ထိခိုက်ပျက်ဆီးလွယ်တဲ့ ဦးရေပြားအတွက်ပါ သင့်တော်ပါတယ်။

Daeng Gi Meo Ri Ki Gold Premium Shampoo

အစွမ်းထက်ကိုရီးယား ဆေးဘက်ဝင် ရိုးရာအပင်များ အမျိုးပေါင်း (၂၀) ကျော်ကို အချိန်ကြာမြင့်စွာ ပေါင်းခံထုတ်လုပ်ထားတာကြောင့်ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးပြီး ဆံသားအသစ်တွေကို ပြန်လည်ဖြစ်ပေါ်စေပါတယ်။

Shiseido Super Mild Shampoo

ဒီတံဆိပ်ကတော့ အများစု ရင်းနှီးပြီးသားဖြစ်ပါလိမ့်မယ်။ အနောက်နိုင်ငံတွေမှာ ကလေးကနေ လူကြီးအထိ အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါအသုံးပြုနေတဲ့ Chamomile , Rosemary အစရှိတဲ့ ဆေးဘက်ဝင်အပင်များရဲ့ အဆီအနှစ်များနှင့် ဂျပန်နည်းပညာ​ပေါင်းစပ်ပြီး ထုတ်လုပ်ထားပါတယ်။ Organic စစ်စစ်ကနေထုတ်လုပ်ထားတဲ့အတွက်ကြောင့် ဦးရေပြားကျန်းမာရေးအတွက် အထောက်အကူပြုသည့်အပြင် ဆံကေသာများကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။

Neutrogena T/Gel

Neutrogena သည်လည်း ယခုနောက်ပိုင်းမှာ ဈေးကွက်ထဲတွင် နာမည်ရလာပြီး လူကြိုက်များလာတဲ့ တံဆိပ်တစ်မျိုးဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အရေပြားအထူးကုပညာရှင်များက ဗောက်အတွက်ဆိုလျှင် ဒီအမျိုးအစားကို အသုံးပြုသင့်ကြောင်း အကြံပေးထားတဲ့ နံပါတ် (၁) ခေါင်းလျှော်ရည်ဖြစ်ပါတယ်။

Nature Republic Argan Essential Deep Care Shampoo

Nature Republic Argan Essential Deep Care Shampoo လေးက ဆံပင်ကြမ်းတာ၊ ဆံပင်ကျွတ်တာ၊ ဆံသားခြောက်သွေ့ပြီး အဖျားနှစ်ခွဖြစ်တာတွေကို သက်သာစေပါတယ်။ အရောင်ဆိုးထားတဲ့သူတွေအတွက် အရောင်လွင့်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။