သင်က ခေါင်းလျှော်ပြီးနောက် တစ်ရက်နှစ်ရက် ကြာတာနဲ့ ဆံပင် စည်းကပ်ကပ်နဲ့ နေလို့ မကောင်းတာကို ကြုံဖူးတယ်ဆိုရင်တော့ သင့်ဆံပင်က Oily Hair ထဲ ပါဝင်ပါတယ်။ ဆံကေသာ က အသားအရေလိုပဲ အမျိုးအစားအလိုက် သင့်တော်တဲ့ Product ကို ရွေးပေးဖို့ လိုပါတယ်။ အဆီပြန်တတ်တဲ့ ဆံပင်အတွက် ထုတ်လုပ်ထားတဲ့ Shampoo မျိုးကို သုံးပေးမှ သင့်ဆံသား နဂိုထက် ကောင်းလာမှာပါ။ ဒီတော့ အဆီပြန်တဲ့ ဆံပင်နဲ့ သင့်တော်တဲ့ Shampoo တွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်-
၁။ Dove Botanical Silicone Free Shampoo for Fresh Hair Clarify
Photo Source: Shopee-Philippines
Shampoo ထဲ ပါဝင်တဲ့ White Tea Blossom နဲ့ botanical Oil က ဆံသားကို အတွင်းထဲထိ နက်ရှိုင်းစွာ သန့်စင်ပေးပြီး ဦးရေပြားလန်းဆန်းစေပါတယ်။ ဒီ Shampoo က Silicone Free ဖြစ်လို့ သင့်ဆံပင်ကို ပေါ့ပါးစေပါလိမ့်မယ်။
၂။ Love Beauty and Planet Tea Tree Oil & Vetiver Radical Refresher Shampoo
Photo Source: Target
အဆိပ်ထုတ်ပေးပြီး သန့်စင်ပေးတယ်လို့ သိထားကြတဲ့ Australian tea tree oil က ဒီ Shampoo ထဲ အဓိက ပါဝင်ပါတယ်။ အဆီပြန်တဲ့ ဆံကေသာတွေနဲ့ ဒီရှန်ပူက အထူးသင့်တော်ပါတယ်။ ဒါ့အပြင် parabens, silicones, dyes တွေ မပါဝင်တာမို့ ဆံသား ထိခိုက်မှု နည်းပြီး ဘူးက Recycle လုပ်လို့ရတာမို့ ပတ်ဝန်းကျင် ထိန်းသိမ်းရာပါ ရောက်ပါတယ်။
၃။ TRESemmé Detox & Nourish Shampoo
Photo Source: Gourmet-Market
ဒီ TRESemmé ရှန်ပူက ဆံသားချောမွေ့ကာ အာဟာရပြည့်ဝဖို့ ကူညီပေးပါတယ်။ Green Tea Extract ကြောင့် Antioxidant ဂုဏ်သတ္တိ ကြွယ်ဝကာ Hawaiian ginger extract ကြောင့် ဦးရေပြား ယားတာ သက်သာပြီး ဆံကေသာ စိုပြေစေပါတယ်။ ဒီရှန်ပူက ပျော့ပေမယ့် အဆီပြန်သူ တွေနဲ့ သင့်တော်တဲ့ ရှန်ပူပါ။
၄။ CLEAR Complete Soft Care Anti-Dandruff Shampoo
Photo Source: May-Yu-Mart-Shop.
သင်က အဆီပြန်တဲ့ အပြင် ဗောက်ပါ ထတတ်သူ ဆိုရင် ဒီ Clear Shampoo နဲ့ အဆင်ပြေမှာပါ။ ရှန်ပူထဲပါတဲ့ piroctone olamine က ဗောက်ထစေတဲ့ ဘတ်တီးရီးယားနဲ့ မှိုတွေကို သတ်ပေးပါတယ်။ ဗောက်ထသူတွေနဲ့ အထူးသင့်တော်ပြီး Sakura ပန်းနံ့ကြောင့် ခေါင်းလျှော်ရည် အနံ့မွှေး ကြိုက်သူတွေနဲ့ အဆင်ပြေမှာပါ။
၅။ Sunsilk Naturals Watermelon Freshness Shampoo
Photo Source: Lazada-Philippines
အဆီပြန်တတ်တဲ့ ဆံနွယ် ဆံသားတွေအတွက် Sunsilk က သင့်တော်ပါတယ်။ သင့်ဦးရေပြား အညစ်အကြေးတွေကို သန့်စင်ပေးပြီး ဆံပင်စေးကပ်ကပ် ဖြစ်သူတွေနဲ့ အံကိုက်ပါပဲ။ Watermelon နဲ့ Mint အနံ့ကြောင့် သင့်ဦးရေပြား လန်းဆန်းနေပါလိမ့်မယ်။
အဆီပြန်တတ်တဲ့ ဦးရေပြား ပိုင်ရှင်တွေ အနေနဲ့ ရှန်ပူ ဘူးအပေါ်မှာ clarifying, purifying နဲ့ detoxifying စတဲ့ စာသားတွေပါတဲ့ ခေါင်းလျှော်ရည်တွေကို ရွေးသင့်ပါတယ်။
By MyStyle Myanmar