မိတ်ကပ်လိမ်းပြီးတဲ့အခါမှာ setting powder ထပ်သုံးပေးရင်တော့ မိတ်ကပ်သားရွေ့တာ၊ ကွက်တာမျိုး မဖြစ်စေပါဘူး။ မိတ်ကပ်သားလည်း ပုံမှန်ထက်ပိုပြီး ကြာရှည်ခံစေပါတယ်။ အဆီပြန်တဲ့သူတွေဆိုရင် ဒီအဆင့်ကို ကျော်သွားလို့မရပါဘူး။ ဒါကြောင့် လိမ်းထားတဲ့မိတ်ကပ်ကို ကြာရှည်ခံအောင် ထိန်းပေးနိုင်တဲ့ အကောင်းဆုံး setting powder တွေကို မျှဝေပေးလိုက်ပါတယ်။

Laura Mercier Translucent Loose Setting Powder

Laura Mercier ရဲ့ Translucent Loose Setting Powder ဆိုရင် လူကြိုက်အရမ်းများပါတယ်။ မျက်နှာပေါ်ကအဆီတွေကို စုပ်ယူပေးပြီး လိမ်းထားတဲ့မိတ်ကပ်ကိုလည်း ကြာရှည်ခံအောင် ထိန်းထားပေးနိုင်ပါတယ်။

W3LL PEOPLE Bio Brightener Invisible Powder

W3LL PEOPLE ရဲ့ Bio Brightener Invisible Powder ကတော့ light coverage ရစေပါတယ်။ သူ့ထဲမှာ shimmer လေးတွေပါလို့ လိမ်းထားရင် အသားအရေက glow နေတဲ့ပုံစံလေး ရစေပါတယ်။ မိတ်ကပ်သားကိုလည်း ကြာကြာခံအောင် ထိန်းထားပေးပါတယ်။

Maybelline Fit Me Loose Finishing Powder

လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Maybelline ရဲ့ Fit Me Loose Finishing Powder ကတော့ ဈေးသင့်ပြီး တော်တော်များများနဲ့လည်း အဆင်ပြေပါတယ်။ အဆီပြန်တာကို ထိန်းပေးပြီး လိမ်းထားတဲ့မိတ်ကပ်ကိုလည်း ကြာရှည်ခံအောင် ထိန်းပေးနိုင်ပါတယ်။

Charlotte Tilbury Airbrush Flawless Finish Setting Powder

Charlotte Tilbury ရဲ့ Airbrush Flawless Finish Setting Powder ကျတော့ pressed powder formula ဖြစ်ပါတယ်။ လိမ်းလိုက်ရင် အသားအရေကို smooth ဖြစ်သွားစေပါတယ်။ အောက်ခံမိတ်ကပ်သားကို ကြာရှည်ခံအောင်ထိန်းပေးပြီး မိတ်ကပ် finish look လည်း ပိုလှစေပါတယ်။ ဈေးကြီးသလောက် ပေးရတဲ့ဈေးနဲ့တန်တဲ့ရလဒ်ကို ရရှိစေပါတယ်။

Fenty Beauty by Rihanna Pro Filt’r Setting Powder

Fenty Beauty by Rihanna ရဲ့ Pro Filt’r Setting Powder ဆိုရင် အသားဖြူတဲ့သူကနေ အသားအရမ်းညိုတဲ့သူတွေ deep skin tones တွေအထိပါ သုံးလို့အဆင်ပြေအောင် ထုတ်ထားပေးပါတယ်။ လိမ်းထားတဲ့မိတ်ကပ်ကိုလည်း ကြာရှည်ခံအောင် ထိန်းပေးပါတယ်။

e.l.f Cosmetics Halo Glow Loose Setting Powder

e.l.f Cosmetics ရဲ့ Halo Glow Loose Setting Powder ကတော့ ဈေးသင့်ပြီး သုံးလို့အရမ်းကောင်းပါတယ်။ အသားခြောက်တဲ့ dry skin တွေသုံးသင့်တဲ့ setting powder ဖြစ်ပါတယ်။ မျက်နှာလေးကို သဘာဝအတိုင်း လင်းပြီးကြည်တဲ့ပုံစံမျိုးလေး ရစေပါတယ်။

source:www.seventeen.com