နှင်းဆီရနံ့တွေက နူးညံ့ပြီး ချိုမြိန်သလို သူ့ရဲ့အနံ့ရလိုက်တဲ့သူတိုင်းကို နူးညံ့သိမ်မွေ့တဲ့ခံစားမှုဖြစ်စေတဲ့ ရနံ့မျိုးပါ။ ဒီလို မိန်းကလေးဆန်ပြီး နူးညံ့တဲ့နှင်းဆီရနံ့လေးကို ကြိုက်တဲ့သူတွေအတွက် အကြိုက်နဲ့ထပ်တူကျမယ့် အမိုက်စား နှင်းဆီရေမွှေးတစ်ချို့ကို ဝေမျှပေးချင်ပါတယ်။

BYREDO Rose of No Man’s Land Eau de Parfum

နှင်းဆီ၊ ပန်းရောင်ငရုတ်ကောင်း နဲ့ ပယင်းတို့နဲ့ပေါင်းစပ်ထားတဲ့ ဒီနှင်းဆီရေမွှေးရဲ့ရနံ့က တခြားနှင်းဆီရေမွှေးတွေနဲမတူတဲ့ လုံးဝကို ထူးခြားတဲ့ရနံ့မျိုးပါ။

Memo Paris Cappadocia Eau de Parfum

တူရကီရဲ့ ဒေသတစ်ခုရဲ့နာမည်ကို အစွဲပြုထားတဲ့ဒီရေမွှေးရဲ့ရနံ့က ကိုယ်တိုင်တူရကီရောက်သွားသလို ခံစားရစေမှာပါ။ ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့နှင်းဆီရနံ့လေးက ကြည်နူးစရာကောင်းပြီး ချစ်စရာကောင်းတဲ့ရနံ့လေးပါ။

Diptyque Eau Rose Eau de Parfum

ဒီရေမွှေးက နှင်းဆီအဆီအနှစ်သုံးမျိုးပါပြီး သစ်သီးဝလံတွေနဲ့ ရောစပ်ထားတဲ့ နှင်းဆီရနံ့တွေကြောင့် ဂန္ထဝင်ဆန်ဆန် ချိုမြိန်တဲ့ခံစားချက်မျိုးကို ရစေမှာပါ။

Glasshouse Fragrances Midnight in Milan

နှင်းဆီရနံ့တွေထဲက မီလန်မှာ တစ်ညလုံး ပါတီပွဲတက်ရင်တောင် အနံ့မပျောက်တာမျိုး ၊ Romantic ဆန်ပြီး ဆွဲဆောင်မှုပိုစေတဲ့အနံ့မျိုးရှာနေရင် ဒီရေမွှေးက သင့်အတွက် အသင့်တော်ဆုံးပါ။

Frédéric Malle Rose Tonnerre

မြေဆီလွှာရဲ့ မွှေးတဲ့ရနံ့နဲ့ နှင်းဆီရဲ့မွှေးတဲ့ရနံ့တို့ ပေါင်းစပ်ပြီး ထုတ်ထားတဲ့ဒီရေမွှေးက နှင်းဆီပွင့်ချပ်တွေရဲ့ မွှေးပျံ့တဲ့ရနံ့တွေကြောင့် လို လူတိုင်းရဲ့အာရုံကိုဖမ်းစာနိုင်လောက်အောင် မွှေးလွန်းတဲ့ရေမွှေးပါ။

Maison Francis Kurkdjian À La Rose Eau de Parfum

ဒီရေမွှေးရဲ့ရနံ့က ရလိုက်တဲ့သူတိုင်းကို အိပ်ရာပေါ်မှာ ပြန့်ကျဲနေတဲ့ နှင်းဆီပွင့်ချပ်တွေကို သတိရသွားလောက်အောင် နူးညံ့ပြီး လှတဲ့ ရနံ့တစ်ခုပါ။ ဒီနှင်းဆီရေမွှေးက အရမ်းကြီးပြင်းတာမျိုးမဟုတ်ပဲ အနံ့ကလည်း ကြာရှည်ခံပါတယ်။

D.S. & Durga Rose Atlantic

ပင်လယ်ကမ်းစပ်ကို အမှတ်ရစေတဲ့ ဒီရေမွှေးက စွတ်ထားရင် နှင်းဆီပန်းအိုးတစ်အိုးကို ဘေးမှာထား လက်ဖက်ရည်သောက်ရင်း ပင်လယ်ကမ်းစပ်မှာ ထိုင်နေရတဲ့ Vibe ကို ရစေတဲ့ အနံ့မျိုးပါ။