ဒရာမာတွေက ဇာတ်ကားရဲ့ အချိုးအကွေ့ကို ပြောင်းလဲပေးနိုင်ပေမယ့် များလွန်းရင်လည်း ကြည့်ရတာ လေးပင်လွန်းလှပါတယ်။ သင်က ဒရာမာ များလွန်းတာကို မကြိုက်ရင် အချစ်ဟာသ ဇာတ်ကားတွေကို ပိုဦးစားပေး ကြည့်သင့်ပါတယ်။ ကိုးရီးယား ဒရာမာဇာတ်လမ်းတွေထဲမှာလည်း ဒရာမာ သိပ်မများဘဲ ဟာသဆန်ဆန် ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ဇာတ်ကားကောင်းများစွာ ရှိပါတယ်။ အခုဖော်ပြထားတဲ့ ဇာတ်ကားတွေက ဇာတ်ကားကောင်းတွေချည်းပဲမို့ သင်ကြည့်ဖူးတဲ့ ဇာတ်လမ်းတွေ ပါဝင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းတွေကို ပြန်ကြည့်ရင်တောင် သင် ကြည့်ရကျိုး နပ်ဦးမှာပါ။ ဒီတော့ ဇာတ်လမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ Fight for my Way

ဒီဇာတ်လမ်းက သင့်ဘဝအတွက် ကြိုးစားဖို့ Moti ပေးနိုင်သလို ဒီထဲက သင်အတုယူစရာတွေ အများအပြားပါပဲ။ ဒါ့အပြင် ရယ်ရပြီး ရိုလည်း ရိုပါသေးတယ်။ သင် မကြည့်ရသေးရင် ဆက်ဆက်ကြည့်သင့်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

၂။ Weightlifting Fairy Kim Bok-joo

ဒီဇာတ်ကားက တကယ့်လက်တွေ့လောကနဲ့ ဆက်သွယ်လို့ရတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ကေဒရာမာ အများစုမှာ ပါတတ်တဲ့ ရိုလေ့ရှိတဲ့အခန်းတွေကို ဒီ Weightlifting Fairy Kim Bok-joo ထဲမှာတော့ လက်တွေ့ဆန်ဆန် ရိုက်ပြထားပါတယ်။ ချုံပြောရရင်တော့ ဒီ ဒရာမာ ဇာတ်လမ်းက အင်မတန် ရယ်ရလို့ သင်မဖြစ်မနေ ကြည့်သင့်ပါတယ်။

၃။ Touch Your Heart

အဓိက ဇာတ်ကောင်နှစ်ဦးကြားက Chemistry မိချက်က သေလောက်တာမို့ သင်မကြည့်ရသေးရင် ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။

၄။ Clean with Passion for Now

ဒီကိုးရီးယား ဇာတ်လမ်းက ရယ်ရပြီး တကယ် ရိုတဲ့ ဇာတ်လမ်းလေးပါ။ ဒါ့အပြင် ဒီ ဇာတ်လမ်းကို ကြည့်ပြီးရင် သင့်နှလုံးသားလေးက နွေးထွေးမှုကို ခံစားရပါလိမ့်မယ်။

၅။ Because this is my First Life

ရယ်ရပြီး ကြည့်ရတန်မယ့် ကိုးရီးယား ဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်ကားထဲ ပါဝင်တဲ့ ဇာတ်ကောင်တွေကို အတုယူနိုင်သလို သင် ဟတ်ထိသွားမယ့် ဇာတ်လမ်းပုံစံ ဖြစ်ပါတယ်။

၆။ Strong Woman Do Bong-soon

အရပ်ပုပု မိန်းကလေးနဲ့ အရပ်ရှည်တဲ့ ကောင်လေးချောချောလေးကြားက အချစ်တွေကို ဟာသဆန်ဆန် ကြည့်ရမယ့် ဇာတ်လမ်း ဖြစ်ပါတယ်။

ဒီဇာတ်လမ်းအားလုံးက ဇာတ်လမ်းကောင်းတွေ ဖြစ်တာမို့ သင် မကြည့်ဖြစ်ဘူးဆိုရင် သင်နောင်တရပါလိမ့်မယ်။