ဆံပင်တွေ ရှည်တာ နှေးနေလို့ စိတ်ညစ်နေရတဲ့သူလေးတွေအတွက် ရိုးရှင်းလွယ်ကူစေမယ့် နည်းလမ်းကောင်းလေးတစ်ခု မျှဝေပါရစေ။ အဓိကပါဝင်တဲ့အရာကတော့ မီးဖိုချောင်ပစ္စည်းတစ်ခုဖြစ်တဲ့ ဂျင်းပါပဲ့။

ဂျင်းကတော့ အိမ်တိုင်းလိုလိုမှာ ရှိကြတဲ့အတွက် ခက်ခက်ခဲခဲ၇ှာဖွေရမယ့် အရာတော့ မဟုတ်ပါဘူး။ ဂျင်းဟာ အပူလို့ သိထားတဲ့အတွက် ဟုတ်ပါ့မလားလို့ သံသယစိတ်တော့ ရှိမှာပါ။ ဂျင်းဟာ သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်ကျွတ်တာကို သက်သာစေဖို့အတွက် အခုဆိုရင် ဂျင်းနဲ့ အထူးပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်အချို့တောင် ဈေးကွက်ထဲမှာရှိနေကြပြီပဲ့ ဖြစ်ပါတယ်။

ကဲ…ဒါကြောင့် သင့်ဆံနွယ်လေးတွေ အရှည်မြန်သန်စွမ်း ကျန်းမာစေဖို့ ဂျင်းကို အဓိကထားပြုလုပ်ထားတဲ့ သဘာဝ Hair Mask လုပ်နည်းလေးကို ပြောပြပေးလိုက်တယ်နော်…

ပါဝင်ပစ္စည်းတွေကတော့

– ဂျင်း
– ထောပတ်သီးအဆီ(ထောပတ်သီးအနှစ်လည်းရပါတယ်)
– သံပုရာရည်
– အုန်းဆီ

အဆင့် ၁

ဆောင်းရာသီမှာ ‌ဆံသားခြောက်သွေ့ပျက်စီးခြင်းမရှိပဲ့ ကျန်းမာလှပနေစေဖို့ ဂျင်းတစ်တက်ကို အခွံနွှာပြီး သေးသေးလေးတွေ လုပ်ပါ။ ဂျင်းအမှုန့်ဆိုရင်လည်း ရပါတယ်။ ဂျင်းအစိုဆိုရင်တော့ ထောင်းပြီး အရည်ညှစ်ယူပါ။

အဆင့် ၂

ဂျင်းရည်ထဲကို ထောပတ်သီး စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ရောပါ။ ထောပတ်သီးဟာ ဗီတာမင်ဘီ၊ အမိုင်နိုအက်ဆစ်နဲ့ အခြားဓာတ်တွေပါဝင်တာကြောင့် ဆံသားကို နူးညံ့တောက်ပြောင်စေပါတယ်။

အဆင့် ၃

အုန်းဆီ လက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်လောက် ထည့်ပါ။ ဆံသားပျက်ဆီးမှုကို ပြန်လည် ပြုပြင်ပေးနိုင်တဲ့အစွမ်း အုန်းဆီမှာ ရှိပါတယ်။

အဆင့် ၄

သံပုရာရည် အစက် ၁၀ စက်ခန့် ထပ်ရောပါ။ ဗီတာမင်စီဟာ ဆံသားကို သန့်စင်စေပြီး ဗောက်ကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ မလိုလားအပ်တဲ့ ပိုးမွှားတွေကိုလည်း သေစေနိုင်ပါတယ်။

အဆင့် ၅

ပထမဆုံး ဆံပင်ကို ဖြီးပြီး ရှင်းထားပါ။ ဆံသားအဖုအထုံးလေးတွေ မဖြစ်စေဖို့အတွက်ပါ။

အဆင့် ၆

ပါဝင်ပစ္စည်းတွေ အကုန်ရောနှောပြုလုပ်ထားတဲ့ Hair Mask အရောလေးကို ဦးရေပြားအနှံ့ လိမ်းပေးပါ။ ၁၀ မိနစ်လောက် နှိပ်နယ်ပေးပါ။

အဆင့် ၇

၄၅ မိနစ်လောက် ထားပြီးရင် ရေနဲ့ ‌ခပ်ဖြေးဖြေးလေး ဆေးချပေးပါ။ ပြီးရင်တော့ ဓာတုပစ္စည်းနည်းတဲ့ ခေါင်းလျှော်ရည်နဲ့ ပြန်လျှော်လိုက်ပါ။

အဆင့်၈

ခေါင်းကို ခြောက်အောင် တဘက်နဲ့ ရေသုတ်ပါ။ ဆံပင်အခြောက်မြန်စေဖို့ Dryerတွေ မသုံးပါနဲ့။ သဘာဝအတိုင်း ခြောက်သွေ့အောင် သုတ်ပေးပါ။

Ref: boldsky