မျက်နှာဖြူလာစေဖို့့အတွက် အာလူးနဲ့ အလွယ်တကူပေါင်းတင်နိုင်မယ့် နည်းလမ်းကောင်းတွေကို မျှဝေပေးလိုက်ပါတယ်။ အာလူးဆိုတာလည်း အိမ်တိုင်းမှာရှိတတ်တဲ့အရာ ဖြစ်တာကြောင့် ငွေကုန်ကြေးကျလည်း သက်သာပြီး အလွယ်တကူလုပ်လို့ရနေတဲ့အတွက် Try ကြည့်သင့်ပါတယ်။
အာလူးနဲ့ပျားရည်
လုပ်ရမယ့်ပုံစံကတော့ အာလူးကို ခြစ်ချပြီး အရည်ရအောင် ညှစ်ချပါ။ ရလာတဲ့ အာလူးအရည်တွေကိုမှ စားပွဲတင်ဇွန်း ၃ ဇွန်းစာယူပြီး ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းစာနဲ့ ရောမွှေပါ။ ပြီးရင်တော့ မျက်နှာနဲ့ လည်ပင်းကို သေချာနှံ့အောင်လိမ်းပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင်တော့ မျက်နှာသစ်ပြီး Skincare သေချာပြန်လိမ်းပါ။
တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးသွားရင်တော့ မျက်နှာလေးဖြူလာတာကို တွေ့ရမှာပါ။ တစ်ကြိမ်၊ နှစ်ကြိမ်လုပ်ရုံနဲ့တော့ ထူးခြားလာမှာမဟုတ်ပါဘူး။
အာလူး၊ သခွားသီး၊ သံပယိုရည်နဲ့ နနွင်းမှုန့်
လုပ်ရမယ့်ပုံစံကတော့ အာလူးတစ်လုံးကို အခွံခွာပြီးရင် သေးသေးလေးတွေလှီးကာ Blender ထဲထည့်ကြိတ်ပါ။ သခွားသီး တစ်ဝက်ကိုလည်း သေးသေးလေးတွေလှီးပြီး ထည့်ကြိတ်ပါ။ အားလုံးကြိတ်ပြီးသွားရင် ပန်းကန်ထဲထည့်ပြီး သံပယိုရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ နနွင်းမှုန့် – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ကာ သမအောင်မွှေပေးပါ။
အားလုံးပြီးရင် မျက်နှာနဲ့လည်ပင်းကို သေချာနှ့ံအောင်လိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်ပြီး Skincare လိမ်းပေးလိုက်ရုံပါပဲ။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ တစ်ပတ်ကို ၂ ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။
ဒီနည်းလမ်းကကျတော့ ဝက်ခြံတွေပါသက်သာစေပြီး breakouts မဖြစ်အောင်လည်း ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ အသားအရေကြည်လင်ပြီး ဖြူလာစေသလို healthy skin လည်း ရလာစေပါတယ်။
source:www.stylesatlife.com