သင်က ဓာတ်ပုံလှလှလေးတွေ လိုချင်ရင် နောက်ခံလှတဲ့ နေရာမျိုးမှာ ဓာတ်ပုံရိုက်သင့်ပါတယ်။ လူကော နောက်က ပတ်ဝန်းကျင်ကော အဆင်ပြေမှ ပုံကောင်းကောင်းလေးထွက်မှာပါ။ မဟုတ်ရင် ဘယ်လောက်ပဲ လှအောင် ပြင်ဆင်ထားပါစေ ဘေးပတ်ဝန်းကျင် အဆင်မပြေရင် ဂွမ်းနေပါလိမ့်မယ်။ ဒီတော့ ဓာတ်ပုံလှလှလေးတွေ လိုချင်တဲ့မိန်းကလေးတွေအတွက် ဓာတ်ပုံရိုက်ဖို့ အလှဆုံး နေရာတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ရေခဲသေတ္တာတွေရှေ့

Citymart တွေရောက်ရင် ရေခဲသေတ္တာတွေ ထားတဲ့နေရာရှေ့သာ ပြေးသွားလိုက်ပါ။ ရေခဲသေတ္တာထဲမှာရှိတဲ့ အအေးဘူး အရောင်တွေ၊ ပစ္စည်းအရောင်တွေက အရောင်စုံတာကြောင့် သင်ဘယ်လိုအင်္ကျီဝတ်ဝတ် နောက်ခံက ပံ့ပိုးပေးပါလိမ့်မယ်။

၂။ အပင်တွေရှေ့

ရှုခင်းလှလှလေးတွေ တွေ့ရင် ဓာတ်ပုံရိုက်ချင်စိတ်ပေါ်လာတာ ဒါကြောင့်ပါပဲ။ အပင်တွေရှေ့ ဓာတ်ပုံရိုက်ခြင်းက ဓာတ်ပုံကို မြင်ရသူတွေအတွက်စိတ်ပျော်ရွှင်စေပြီး သင့်ဓာတ်ပုံကိုလည်း ပိုသဘာဝကျကျလေးနဲ့ လှစေပါတယ်။ မြက်ခင်းစိမ်းစိမ်းလေးတွေ၊ စိမ်းစိုတဲ့ အပင်အခတ်တွေရှေ့ က ဓာတ်ပုံရိုက်ဖို့ အလှဆုံး နေရာတွေပါပဲ။

၃။ မုန့်တွေထားတဲ့ရှေ့

မုန့်တန်းတွေရှိတဲ့နေရာကလည်း ရေခဲသေတ္တာရှေ့လိုပါပဲ။ သင့်ရဲ့ဓာတ်ပုံကို ရုပ်လုံးကြွစေပြီး ကြည့်တဲ့သူကို ပိုစိတ်ဝင်စားစေပါလိမ့်မယ်။

၄။ မီးလုံးတွေရှေ့

သင်က အပျော်တမ်းကင်မရာတစ်လုံးရှိရင် မီးရောင်စုံတွေ ရှိရာဆီ ဓာတ်ပုံသွားရိုက်သင့်ပါတယ်။ မီးအလင်းရောင်က သင့်အလှကို တစ်မူထူးခြားစေပါလိမ့်မယ်။

၅။ ကားပါကင်

ကားပါကင်တွေက မီးအလင်း လုံလုံလောက်လောက်ရှိမယ်ဆိုရင်တော့ ဒီနေရာတွေက သင့်အတွက် ဓာတ်ပုံရိုက်ဖို့ နေရာကောင်းပါပဲ။

၆။ ပစ္စည်းတွေ စီထားတဲ့နေရာ

အရုပ်ကလေးတွေ စီထားတဲ့နေရာ၊ စိတ်ဝင်စားစရာ လူငယ်သုံး ပစ္စည်းတွေ စီထားတဲ့ နေရာတွေက သင့်ဓာတ်ပုံကို ပိုချစ်စရာကောင်းသွားစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar