ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေနဲ့ ဓာတ်ပုံရိုက်ရင် ပို့စ်သိပ်မပေးတတ်တဲ့ ကောင်မလေးတွေအတွက် အသုံးဝင်စေမယ့် ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဘယ်နေရာမှာရိုက်ရင် ဘယ်လိုပို့စ်တွေ အများကြီးပေးလို့ရမလဲဆိုတဲ့ ideas လေးလည်း ရသွားမှာမို့ ကောင်မလေးတွေအကြိုက်တွေ့မှာ သေချာပါတယ်။

Car parking မှာရိုက်မယ်ဆိုရင် ဒီလိုပို့စ်လေးတွေ အများကြီးပေးပြီး ရိုက်လို့ရပါတယ်။

ကမ်းခြေမှာရိုက်မယ်ဆိုရင် သူများနဲ့မတူပဲ ချစ်ဖို့ကောင်းနေအောင် ဒီလိုပို့စ်လေးတွေ ရိုက်ကြည့်ပါ။ ကိုရီးယားမလေးတွေရိုက်နေကျ ပုံစံမျိုးလေးတွေပါ။

အိမ်မှာပဲဖြစ်ဖြစ် အပျင်းပြေ camera ထောင်ရိုက်ရင်ပဲဖြစ်ဖြစ်၊ သူများကိုရိုက်ခိုင်းရင်ပဲဖြစ်ဖြစ် ဒီလိုပို့စ်လေးတွေ try ကြည့်သင့်ပါတယ်။ အရမ်းချစ်ဖို့ကောင်းသလို၊ လှလည်းလှတဲ့ ပို့စ်လေးတွေပါ။

နံရံကိုနောက်ခံထားပြီးရိုက်တဲ့အခါမှာ ဒီလိုပို့စ်တွေပေးကြည့်ပါ။ အရမ်းမိုက်ပါတယ်။

နံရံကိုနောက်ခံထားပြီး တစ်ကိုယ်လုံးပုံရိုက်မယ်ဆိုရင် ဒီလိုပို့စ်လေးတွေပေးပြီး ရိုက်လို့ရပါသေးတယ်။

ထိုင်ရိုက်တဲ့အခါမှာဆိုရင် ကိုရီးယားဆန်ဆန် ချစ်ဖို့ကောင်းအောင် ဒီလိုပို့စ်လေးတွေပေးပြီး ရိုက်ကြည့်ပါ။

တိမ်တွေနဲ့ရိုက်ရင်လည်း အရမ်းမိုက်တာကြောင့် ဒီလိုမျိုးပို့စ်တွေပေးပြီး ရိုက်ကြည့်ပါ။

မြက်ခင်းပေါ်မှာပဲဖြစ်ဖြစ်၊ လမ်းမမှာပဲဖြစ်ဖြစ် ဒီလိုပို့စ်တွေပေးပြီး ရိုက်လို့ရပါသေးတယ်။ ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေ save ထားသင့်ပါတယ်။

Mirror selfie ရိုက်တဲ့အခါမှာလည်း အထာကျကျ ဒီလိုမျိုးပို့စ်လေးတွေပေးပြီး ရိုက်လို့ရပါသေးတယ်။

photo source:www.pinterest.com