ဓာတ်ပုံရိုက်ရင် တစ်နေရာထဲမှာပဲ အများကြီးရိုက်လေ့ရှိတဲ့သူတွေအတွက် ပို့စ်မထပ်အောင် ပို့စ်ပေးနည်း အိုင်ဒီယာမျိုးစုံကို မျှဝေပေးလိုက်ပါတယ်။ ဓာတ်ပုံရိုက်ရတာ ဝါသနာအရမ်းပါတဲ့သူတွေအတွက်တော့ အသုံးဝင်စေမှာပါ။

ဘယ်မှမသွားရလို့ အိမ်မှာပဲရိုက်မယ်ဆိုရင်တော့ ဒီပို့စ်လေးတွေက အသုံးဝင်ပါလိမ့်မယ်။

Mart လေးတွေသွားရင်းနဲ့ ဓာတ်ပုံရိုက်ချင်လာရင် ဒီပို့စ်လေးတွေသာလုပ်ပြီး ရိုက်ကြည့်ပါ။

ကော်ဖီဆိုင်တွေသွားဖြစ်ခဲ့ရင် ဒီပို့စ်အိုင်ဒီယာလေးတွေက အရမ်းကိုအသုံးဝင်ပါလိမ့်မယ်။

Mirror selfie ရိုက်တော့မယ်ဆိုရင် မတ်တပ်ရပ်ပြီးရိုက်ရတာ ရိုးနေပါပြီ။ ဒီပို့စ်အိုင်ဒီယာလေးတွေကို အသုံးချကြည့်လိုက်ပါ။

ကောင်းကင်ကို အသားပေးတဲ့ ပုံလေးတွေ ရိုက်ချင်ရင်တော့ ဒီပို့စ်အိုင်ဒီယာလေးတွေကို try ကြည့်ပါ။ ချစ်ဖို့ကောင်းတဲ့ပုံလေးတွေ ထွက်လာပါလိမ့်မယ်။

အထာကျကျပုံလေးတွေရိုက်မယ်ဆိုရင်တော့ ဒီပို့စ်အိုင်ဒီယာတွေကိုသာ အသုံးချလိုက်ပါ။ ပို့စ်မျိုးစုံကို စိတ်ကြိုက်ရိုက်လို့ရပါတယ်။

မြက်ခင်းတွေ သစ်ပင်တွေကို နောက်ခံထားပြီးရိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ် ဒီပို့စ်လေးတွေကို try ကြည့်ပါ။

သစ်ပင်အောက်မှာ၊ အပင်လေးတွေကြားမှာရိုက်မယ်ဆိုရင် ဒီပို့စ်လေးတွေကို ရိုက်ကြည့်ပါ။ အကုန်လှပါတယ်။

လှေကားတွေရင် ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့သူတွေက ဒီပို့စ်တွေကိုသာ အသုံးချပစ်လိုက်ပါ။ ပို့စ်မျိုးစုံကို စိတ်ကြိုက်ရိုက်ပြီး ပုံကောင်းတွေရအောင် try ကြည့်လိုက်ပါ။

ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကောင်မလေးတွေအတွက် JOY ရဲ့ ပို့စ်လေးတွေကလည်း အသုံးဝင်စေမှာပါ။

Photo source:www.pinterest.com