မိန်းကလေးတွေအတွက် ဘယ်လိုနေရာမျိုးနဲ့မဆို လိုက်ဖက်ပြီး ပြင်ထားတာ အရမ်းလည်း heavy မဖြစ်ပဲ လှပနေမယ့် makeup look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ Makeup အများကြီးမပြင်တတ်ရင်တောင်မှ ဒီ look လေးတစ်မျိုးထဲ ပြင်တတ်ရုံနဲ့ အရမ်းအဆင်ပြေပါတယ်။

အရင်ဆုံး primer လိမ်းပါမယ်။

Cushion လိမ်းပါမယ်။

Concealer ကို ပုံမှာလိမ်းပြထားတဲ့ နေရာလေးတွေကိုလိမ်းပြီး လက်နဲ့မလိမ်းပဲ makeup sponge နဲ့ လိမ်းပေးပါ။

မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်း ဆွဲပေးပါ။ မျက်ခုံးမွှေးဆွဲပြီးရင် eyebrow gel နဲ့ ပြန်ဖြီးပေးဖို့လည်း မမေ့ပါနဲ့။ ဒါမှ natural ဆန်ပြီး ပိုလှတာပါ။

Eyeshadow စခြယ်ဖို့အတွက် အသားရောင်ဘက်သွားတဲ့ eyeshadow color ကို မျက်ခွံမှာ အရင်ခြယ်ပါမယ်။ မျက်လုံးအောက်နားကိုလည်း ခြယ်ပါမယ်။

အညိုရောင် eyeshadow color ကို မျက်တောင်နားကပ်ပြီး ခြယ်ပါမယ်။ ခုနကလို မျက်ခွံတစ်ပြင်လုံး မခြယ်ပါဘူး။ Eyeliner ဆွဲသလို မျက်လုံးထောင့်လေးကိုပါ ခြယ်ပါ။

Gel eyeliner နဲ့ မျက်လုံးအတွင်းကို ပုံမှာပြထားတဲ့အတိုင်း ဆွဲပေးပါ။

Mascara နဲ့ မျက်တောင်ကော့ပါမယ်။

Contouring ကို ပါးရိုးနဲ့ မေးရိုး ခြယ်ချပြီး နှာတံဖော်ပါမယ်။

ပါးနီခြယ်ပါမယ်။ ပါးနီခြယ်တဲ့အခါမှာ အရမ်းတောက်နေအောင် မခြယ်ပါနဲ့။

Highlighter ကို ပါးရိုး၊ နှာတံ၊ မျက်ခုံးအောက်၊ မျက်လုံးအောက် ခြယ်ပါမယ်။

နှုတ်ခမ်းနီကို အညိုဖောက်တဲ့အရောင်လေး ဆိုးပါမယ်။

ဒါဆိုရင်တော့ ဘယ်လိုနေရာမျိုးနဲ့မဆို၊ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပြီး အရမ်းလည်းလှတဲ့ makeup look လေးကို ရရှိသွားပြီပဲဖြစ်ပါတယ်။