ရှပ်အင်္ကျီလေးတွေက မိန်းကလေးတိုင်းအတွက် ဝတ်လိုက်ရင် ပေါ့ပါးမှုရှိပြီး သက်တောင့်သက်သာလည်းဖြစ်စေတယ်။ ရိုးရှင်းပြီး သပ်သပ်ရပ်ရပ်လေးလည်း ဖြစ်စေပါတယ်။ ဒါကြောင့် MyStyle Myanmar က ပျိုမေလေးတို့အတွက် ရှပ်အင်္ကျီရောင်စုံလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်မယ့် ဖက်ရှင်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ရှပ်အင်္ကျီအရောင်စုံကို ဂျင်းဘောင်းဘီနဲ့တွဲဝတ်လိုက်မယ်ဆိုရင် ရိုးရှင်းပြီး သပ်သပ်ရပ်ရပ်နဲ့ လှပနေမှာပါ။

ကိုယ်ကြိုက်တဲ့ရှပ်အင်္ကျိအရောင်ကိုရွေးပြီး Style Pants လေးတွေနဲ့ တွဲဝတ်လိုက်ရင်လည်း စမတ်ကျပြီး လှပစေပါတယ်။

ရှပ်အင်္ကျီကိုအရောင်လေးတွေနဲ့ဝတ်တဲ့အခါမှာ ဘောင်းဘီအတိုအဖြူရောင်လေးနဲ့ တွဲဝတ်လိုက်ရင်လည်း သန့်ပြန့်ပြီးချစ်စရာကောင်းသလို၊ ဂျင်းဘောင်းဘီအတိုလေးတွေနဲ့ တွဲဝတ်ရင်လည်း ပေါ့ပါးပြီး ချစ်ဖို့ကောင်းနေမှာပါနော်။

အရောင်နဲ့ရှပ်အင်္ကျီလေးပဲဖြစ်ဖြစ်၊ အဖြူရောင်ရှပ်အင်္ကျီလေးပဲဖြစ်ဖြစ် ဒူးဖုံးစကပ်အကားလေးတွေနဲ့တွဲဝတ်လိုက်ရင် မိန်းကလေးဆန်ပြီး တမျိုးလေးချစ်စရာကောင်းစေပါတယ်။

အရောင်နဲ့ရှပ်အင်္ကျီလေးတွေကို Mini Skirt အတိုနဲ့ပဲတွဲဝတ်ဝတ်၊ Mini Skirt အရှည်နဲ့ပဲတွဲဝတ်ဝတ် စမတ်ကျပြီး မိန်းကလေးဆန်ဆန် ဆွဲဆောင်မှုရှိတဲ့ပုံစံလေး ဖြစ်စေပါတယ်။

ပေါ့ပါးပြီးလွတ်လပ်တဲ့စတိုင်လ်ကိုကြိုက်တာမျိုး၊ ပွပွလေးဝတ်ရတာပဲကြိုက်တာမျိုးဆိုရင်လည်း ရှပ်အင်္ကျီအရောင်စုံကို အခုခေတ်စားနေတဲ့ ဘောင်းဘီအပွလေးတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ တွဲဝတ်လို့ရပါသေးတယ်နော်။

Photo Source: Pinterest