မင်္ဂလာပါ။ ပျိုမေတို့ထဲမှာ အမြဲလိုလို လက်သည်းနီလှလှလေး ဆိုးထားရတာကြိုက်တဲ့သူတွေ ရှိကြမယ်ထင်ပါတယ်နော်။ လက်သည်းနီဆိုးတာက လက်ချောင်းလေးတွေကို ကျော့ရှင်းပြီး သပ်ရပ်စေတဲ့အပြင် ပိုပြီးမိန်းကလေးဆန်တဲ့ အလှကိုရစေပါတယ်။ လက်သည်းနီကာလာ အမျိုးမျိုးထဲမှာမှ Nude Color လို့ခေါ်တဲ့ အသားရောင်လေးတွေက Skin Tone တော်တော်များများနဲ့ လိုက်သလို ဆိုးထားမှန်းအရမ်းမသိသာတဲ့ သဘာဝဆန်ဆန် Look လေး ရစေပါတယ်။ ရိုးရှင်းပြီး Outfit မရွေး လိုက်ဖက်တာမို့ ပွဲသွားပွဲလာအတွက်ပါ အမြဲဆိုးထားလို့ အဆင်ပြေတဲ့အရောင်လေးလို့လည်း ပြောလို့ရပါတယ်နော်။ ဒါ့အပြင် အရောင်အရမ်းတောက်တာမျိုး မကြိုက်တဲ့သူတွေအတွက်လည်း ကွက်တိပါပဲ။

ဒါကြောင့်မို့ ဒီတစ်ခေါက်မှာ ပျိုမေတိုင်းနဲ့ လိုက်ဖက်မယ့် Nude အရောင် လက်သည်းနီလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ အပိုငွေမကုန်ချင်တဲ့သူတွေအတွက် အိမ်မှာကိုယ်တိုင်ဆိုးလို့ရမယ့် ပုံစံလေးတွေပါတာမို့ စိတ်ဝင်စားရင် ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar